Saturday, August 4, 2012

အိန္ဒိယက အင်္ဂါဂြိုဟ်သို့ စူးစမ်းလေ့လာရေးယာဉ် စေလွှတ်မည်

ဟွဏ်းဘီးလ် ။    ။  အိန်္ဒိယနိုင်ငံဟာ လာမယ့်နှစ်မှာ အင်္ဂါဂြိုဟ်ပေါ်သို့ လေ့လာစူးစမ်းရေးတွေ ပြုလုပ်မယ့် လုပ်ငန်းစဉ်အတွက် အတည်ပြုပေးခဲ့ကြောင်း သိရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၄နှစ်က လကမ္ဘာသို့ စူးစမ်းလေ့လာရေး ယာဉ်တစ်စီး အောင်မြင်စွာလွှတ်တင်ခဲ့ပြီးနောက် ၂၀၁၃ခုနှစ် အောက်တိုဘာလ ဒါမှမဟုတ် နိုဝင်ဘာလမှာ စူးစမ်း လေ့လာရေးယာဉ် တစ်စီးကို အင်္ဂါဂြိုဟ်သို့ စေလွှတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ခြင်းကြောင့် ပြီးခဲ့တဲ့ နှစ်က အင်္ဂါဂြိုဟ်ခရီးစဉ် မအောင်မြင် ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံနဲ့ အင်္ဂါဂြိုဟ်မှာ လေ့လာစူးစမ်းမှုတွေ လုပ်ဆောင်နေတဲ့ အမေရိကန် ပြည်ထောင်စု၊ ရုရှား၊ ဥရောပ၊ ဂျပန်တို့ပြီးရင် အိန်္ဒိယနိုင်ငံက အာကာသတခွင်မှာ စိုးမိုးဖို့ ကြိုးစားတဲ့ ၆ခုမြောက်နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်သို့ လွှတ်တင်မယ့် အာကာသယာဉ်ဟာ ၁၃၅၀ကီလိုဂရမ် အလေးချိန်ရှိပြီး အိန်္ဒိယ Polar ဂြိုဟ်တု လွှတ်တင်ယာဉ်နဲ့ လွှတ်တင်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ စူးစမ်းလ့လာရေး ယာဉ်ဟာ ၂၀၁၄ခုနှစ် စက်တင်ဘာလမှာ အင်္ဂါဂြိုဟ်ရဲ့ ဂြိုဟ်ပတ်လမ်း အတွင်းသို့ ၀င်ရောက်မှာ ဖြစ်ပြီး ခန့်မှန်းခြေရက်ပေါင်း ၃၀၀ကြာမြင့်မယ့် ၎င်းရဲ့ ခရီးစဉ်ကို စတင်မှာဖြစ်ပါတယ်။

အခုလို အိန္ဒိယနိုင်ငံရဲ့ အင်္ဂါဂြိုဟ်လေ့လာရေး ခရီးစဉ်ဟာ တရုတ်နိုင်ငံက လကမ္ဘာဆီသို့ လေ့လာရေးယာဉ် စေလွှတ်ဖို့ စီစဉ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ တစ်နေ့တည်းမှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံရဲ့ အင်္ဂါဂြိုဟ် လေ့လာရေးယာဉ်ကို Andhra Pradesh ပြည်နယ်ရှိ Satish Dhawan အာကာသ စခန်းကနေ လွှတ်တင်သွားမှာ ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပေမယ့် အဆိုပါ ခရီးစဉ်အတွက် ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ခြင်း မရှိကြောင်း သိရပါတယ်။

0 comments:

Post a Comment