ဟွဏ်းဘီးလ် ။ ။ ယမနေ့က ကလေးမြို့ ဘူတာရုံ အနောက်ဘက်ပိုင်း ရပ်ကွက်တွင် နေထိုင်သော ဦးစံသိန်းဆိုသူ၏ နေအိမ်၌ ထောင်ထားနေသော ဗုံးတလုံးတွေ့ရှိကြောင့် သိရသည်။
၎င်းဗုံးအား ရဲ၊ ခယကမှ လူကြီးများက လာရောက်ဖယ်ရှားပေးရကြောင့်၊ ၎င်းကိစ္စနှင့် ပါတ်သက်၍ အစိုးရဖက်မှ တစ်စုံတရာ ပြောဆိုခြင်းမရှိသည့်အပြင် သတင်းဖျောက်ထားပုံရကြောင့် ဒသခံတဦးက ဟွဏ်းဘီးလ်သို့ ပြောသည်။
ကလေးမြို့ ဘူတာရုံ တွေ့ရစဉ်။ ။ဓါပုံ-Zonet |
အခင်းဖြစ်ပွားနေရာသည် ကလေးမြို့ ဘူတာရုံ ဝန်ထမ်းများနေထိုင်ကြသော ဝန်ထမ်းအိမ်ယာ၏ အဖက်ခြမ်း ဥပုဒ်ချာင်း၏ တဖက်ခြမ်း ရပ်ကွက်အသစ်တွင် နေထိုင်သော ဦးစံသိန်းဆိုသူ၏ နေအိမ်၌ ဖြစ်သည်ဟု သိရသည်။
၎င်းကိစ္စနှင့်ပါတ်သက်၍ ဒေသခံများ စိုးရိမ်းပူပန်နေရပြီး ကသဲသူပုန်များ၏ ပြည်တွင်း၌ သွားလာလှုပ်ရှားနေသည့် ကိစ္စများကို အမြန်ဆုံး ဖြေရှင်းဖယ်ရှားပေးရန် သမ္မတဦးသိန်းစိန်ထံ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (Zomi Congress for Democracy) မှ တောင်းဆိုမှုများလည်း ပြုလုပ်ထားကြောင့် သိရသည်။
0 comments:
Post a Comment