Sunday, August 26, 2012

အမေရိကန် Empire State ရှေ့တွင် ပစ်ခတ်မှုဖြစ်ပွား

ဟွဏ်းဘီးလ် ။    ။ အမေရိကန် Empire State  အဆောက်အအုံ ရှေ့တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး လူ၂ ဦး သေဆုံးခဲ့ကာ လေးဦးမှာ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ငါးဦးမှာ အသေးစား ထိခိုက်မှုများ ဖြစ်ခဲ့ရသည်။ သေဆုံးသူ ထဲတွင် တစ်ဦးမှာ ပစ်ခတ်သူ သေနတ်သမား ဖြစ်ပြီး နောက်တစ်ဦးမှာ ၎င်း၏ အလုပ်မှ မန်နေဂျာ ဖြစ်ကြောင်းနှင့် အလုပ်အတွင်း မကျေနပ် မှုကြောင့် ယခုလို ဖြစ်ခဲ့ရခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့၏ အပြောအရ သေနတ်သမားမှာ အသက် ၅၈ နှစ်အရွယ် Jeffrey Johnson ဆိုသူဖြစ်ပြီး မက်ဟန်တန် ရပ်ကွက်တွင် နေထိုင်ခြင်း ဖြစ်ကြောင်း ၊ ပစ်ခတ်မှုမှာ အဆိုပါ အဆောက်အအုံ ပြင်ပတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Johnson မှာ ၎င်းယခင် အလုပ် ဖြစ်သည့် Hazan  သွင်းကုန် လုပ်ငန်းမှ မန်နေဂျာ ဖြစ်သူကို ဦးစွာ ပထမ ပစ်ခတ်ခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ မှ ရောက်လာ အပြီး နောက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား ပြီးနောက်  ၎င်းလည်း သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ ပြောသည်။

ယခုလို ပစ်ခတ်မှုတွင် ထိခိုက် ဒဏ်ရာရရှိ သူများမှာ အသက်ရှင်သန် နိုင်မည် ဖြစ်ကြောင်း နယူးယောက်မြို့တော်ဝန် ဖြစ်သူ Michael Bloomberg မှပြောကြား သွားခဲ့သည်။

0 comments:

Post a Comment