Thursday, August 30, 2012

Tourist Police အဖွဲ့များ ဖွဲ့စည်းမည်

ဟွဏ်းဘီးလ် (ရဲရင့်မိုးအောင်)။    ။ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ဝင်ထွက်မှု များသည့် ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံဒေသများ တွင် Tourist Police (နိုင်ငံခြား သား အကူအညီ ပေးရေး နှင့် လုံခြုံ ရေး) အဖွဲ့များ ဖွဲ့စည်းရန် စီစဉ် နေကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားသည်။ အနည်းဆုံး လူနှစ်ဆယ် လောက်ပါတဲ့ အဖွဲ့လေးတွေဖွဲ့ဖို့ စီစဉ်နေတယ်”ဟု၎င်းကဆိုသည်။

ပုဂံဒေသတွင် ၂၀၁၁ ခုနှစ်နိုဝင်ဘာ ၂၇ ရက်နေ့တွင် ၂၇ ကြိမ်မြောက်မဲခေါင်နိုင်ငံများအစည်း အဝေးကိုကျင်းပခဲ့ပြီး ယင်းကာလ တွင်Tourist Police အဖွဲ့ကိုပထမ ဆုံးဖွဲ့စည်းခဲ့ကြောင်း ပုဂံဒေသဟို တယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသန်းရွှေကပြောကြားသည်။ “အဲဒီတုန်းကတော့ယာယီ ပေါ့၊ ခရီးသည်များတဲ့ ကာလမှာ ထပ်လုပ်ဖို့ရှိတယ်” ၄င်းက ဆို သည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် မှစတင်ကာ နိုင်ငံခြားသားဧည့် သည်ဝင်ရောက်မူများပြားနေသည့် အတွက်Tourist Police အဖွဲ့များဖွဲ့ရန် လိုအပ်နေခြင်းဖြစ်သည်။ အာဆီယံနိုင်ငံများဖြစ်သည့် မလေး ရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ွှTourist Police အဖွဲ့လေးဖွဲ့ရှိပြီး ဖိလစ်ပိုင်တွင် နှစ်ဖွဲ့နှင့် ထိုင်းနိုင်ငံ တွင် နိုင်ငံခြားသားများ အရေးပေါ် ခေါ်ဆိုရန်အတွက် ဖုန်းနံပါတ် ၁၁၅၅ ကို ၂၄ နာရီဖွင့်လှစ်ပေးထား သည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည်များလာရောက်ရာတွင် အုပ်စုလိုက်လာရောက်ခြင်း (Packed tour)နှင့်တစ်ကိုယ်တော် လာေ ရာက်ခြင်း (Fid) နှစ်မျိုးရှိပြီး တစ်ကိုယ်တော်လာရောက်ကြသူများ မှာအကူအညီပေးရန် လိုအပ် ကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင် သူတစ်ဦးက ပြောသည်။

“ဒီလူတွေအနေနဲ့ ကန့်သတ် ထားတဲ့နေရာတွေကို မသွားမိဖို့ လိုတယ်။ ပုဂံမှာဆိုရင်လည်းလူ အရောက် အပေါက်နည်းတဲ့ ဘုရား ကြားတွေ မသွားသင့်ဘူး။အန္တရာယ် ရှိနိုင်တယ်”ဟု၎င်းကဆိုသည်။
မြန်မာနိုင်ငံသို့ ၂၀၁၁ အတွင်း လေဆိပ်၊ နယ်စပ်ဝင်ပေါက်များမှ နိုင်ငံခြားသား ၈ သိန်းကျော်ဝင် ရောက်ခဲ့ပြီး ၂၀၁၂ နှစ်ကုန်တွင် ၁၀ သိန်းကျော် ဝင်ရောက် နိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ခန့် မှန်းထားသည်။

0 comments:

Post a Comment