Thursday, August 30, 2012

အမေရိက လက်နက် ရောင်းအား စံချိန်တင်ခဲ့

ဟွဏ်းဘီးလ်။    ။ အမေရိကန်ပြည်ထောင်စုရဲ့ စစ်လက်နက်ပစ္စည်း ရောင်းချမှုဟာ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ်အတွင်း ဒေါ်လာ ၆၆.၃ဘီလီယံအထိ ၃ဆ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ အထူးသဖြင့် ပါရှန် ပင်လယ်ကွေ့ဒေသက အာရပ်နိုင်ငံတွေကို စစ်လက်နက်တွေ အများဆုံး တင်ပို့ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ်က ၎င်းရဲ့ လက်နက် တင်ပို့ရောင်းချမှုဟာ အမေရိကန်ဒေါ်လာ ၂၁.၄ဘီလီယံ ရှိခဲ့ပြီး ယခု၂၀၁၁ခုနှစ်ရဲ့ လက်နက်ရောင်းချမှု တန်ဖိုးဟာ စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန် လက်နက် ဈေးကွက်ရဲ့ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး နှစ်တစ်နှစ် ဖြစ်တယ်လို့လည်း သိရပါတယ်။

အမေရိကန် ပြည်ထောင်စု ထံကနေ စစ်လက်နက်တွေ အများဆုံး ၀ယ်ယူတဲ့နိုင်ငံဟာ ဆော်ဒီအာရေဗျ နိုင်ငံဖြစ်ပြီး အမေရိကန် ဒေါ်လာ ၃၃.၄ဘီလီယံထိ ၀ယ်ယူခဲ့တယ်လို့ သိရပါတယ်။

0 comments:

Post a Comment