ဟွဏ်းဘီးလ် ။ ။ Yahoo သတင်း ဌာနမှာ ဝါရှင်တန်မှ သတင်း အကြီးအကဲ ဖြစ်သူကို ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ယခုလို ဖြစ်ရပ်မှာ သမ္မတ ဖြစ်လာရန် ရေပန်းစားနေသူ Mitt Romney အနေဖြင့် မုန်တိုင်းကြောင့် လူမည်းများ ရေနစ်နေချိန်တွင် ၎င်းအနေဖြင့် ပါတီပွဲ ပြုလုပ်ပြီး ပျော်ရွှင်ခဲ့သည် ဆိုသည့် ပြောကြားမှု တစ်ခုကြောင့် အလုပ်မှ ထုတ်ပယ်ခံလိုက်ရခြင်းပင် ဖြစ် သည်။
ယခုလို ပြောကြားမှုကို သတင်းခန်း အကြီးအကဲ ဖြစ်သူ David Chalian မှ မိုက်ခရိုဖုန်းဖွင့်လျက်ဖြင့် ပြောခဲ့ခြင်း ဖြစ်သည်။ ဟာရီကိန်း Isaac မှာ လူဝီစီယားနား ပြည်နယ်သို့ ဝင်ရောက်နေချိန်တွင် Romney အနေဖြင့် ရီပါဘလီကင် ပါတီ၏ ညီလာခံသို့တက်ရောက်ရန် ရောက်နေခြင်းပင် ဖြစ်သည်။
ယခုဖြစ်ရပ် အတွက် Yahoo ကုမ္ပဏီမှ တောင်းပန်မှု ပြုခဲ့ကာ ၎င်းတို့အနေဖြင့် ယခုလို ပြောကြားမှုမှာ ကုမ္ပဏီနှင့် မဆိုင်ကြောင်းနှင့် Romney ၏ မဲဆွယ်ပွဲ အဖွဲ့သို့လည်း တောင်းပန်မှု ပြုခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယခု ဖြစ်ရပ်မှာ အင်္ဂါနေ့က ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကာ ဗုဒ္ဓဟူး နေ့တွင် Chalian မှ လေးလေးနက်နက် ဝမ်းနည်းမိပါကြောင်း ပြောကြားခဲ့သည်။ source : BBC news
0 comments:
Post a Comment