Tuesday, September 25, 2012

Asia Express လမ်းမကြီးပေါ် တံတား အစင်း ၇၀ အိန္ဒိယ တည်ဆောက်ပေးမည်


ဟွဏ်းဘီးလ်။    ။ သုံးနိုင်ငံ အဝေးပြေးလမ်းပေါ်မှ တံတားအစင်း ၇၀ အိန္ဒိယ တည်ဆောက်ပေးမည်ကလေး-ကျီးကုန်း-တမူး လမ်းပိုင်း တစ်လျှောက် တည်ဆောက်ရန် ရှိသော တံတား အစင်း ၇၀ ကို အိန္ဒိယမှ အရစ်ကျ ထောက်ပံ့ငွေ  ကန်ဒေါ်လာသန်းပေါင်း ၂၄၀ မှ ၃၀၀ ကြားဖြင့် ၂၀၁၆ ခုနှစ်တွင် အပြီးတည်ဆောက်ပေးသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးက “နှုတ်ကတိအနေနဲ့တော့ ဒါကို သဘောတူပြီးသွားပြီ။ အခု နားလည်မှု စာချွန်လွှာထိုးဖို့ ညှိနှိုင်းနေပါပြီ” ဟု ပြောသည်။

တံတားအားလုံးကို ကွန်ကရစ်တံတားများသာ ပြုလုပ်သွားမည်ဖြစ်ပြီး ရှိထားပြီးဖြစ်သော သံပေါင်၊ ပျဉ်ပြားခင်း (ဘေလီ) သံပေါင်၊ ပျဉ်ပြားခင်း (ဘေလီ) တံတားတို့ကိုပါ ကွန်ကရစ်တံတားအဖြစ် အစားထိုး ပြောင်းလဲသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
Asia Express လမ်းမကြီးပေါ်ရှိ ကံမကြီးရွာအနီးက ကျိုးပျက်နေသည့် တံတားကို တွေ့ရစဉ်။    ။ ဓါတ်ပုံ-ဇိုမီး

ကလေး-ကျီးကုန်း-တမူး လမ်းပိုင်းတွင် ဆောက်လုပ်ရန် တံတား ၇၄ စင်းရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ရှိတွင် တံတားလေးစင်းကို တာဝန်ယူ တည်ဆောက်နေပြီး ကျန်တံတား ၇၀ ကို အိန္ဒိယမှ ၂၀၁၆ ခုနှစ်အပြီး တည်ဆောက်မည် ဖြစ်သည်။

“အိန္ဒိယက ဆောက်ပြီးတနဲ့ မြန်မာအစိုးရကို အပြီးအပ်ဖို့ ရှိတယ်” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆင့်မြင့်အရာရှိက ဆက်ပြောသည်။ အိန္ဒိယ-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် ဆောင်ရွက်သော ကလေး-ကျီးကုန်း-တမူး လမ်းပိုင်းမှာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံပေါင်း အဝေးပြေးလမ်းမကြီးပေါ်ရှိ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။ Ref:Popular News

0 comments:

Post a Comment