Tuesday, September 25, 2012

ပြင်းထန်လာသော တမူးမြို့မှ ရန်ပွဲ

ဟွဏ်းဘီးလ်။    ။ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၊ နန်းမြို့မရပ်ကွက်တွင် မိသားစုတခုမှ ချင်းလူမျိုးများအား လူမျိုးရေး ပုတ်ခတ်ပြောဆိုသည့် စကားလုံးများ သုံးပြီး ထိုးကြိတ် ရိုက်နှက်ခဲ့ခြင်းကြောင့် ချင်းလူငယ် တစ်ဦးသည် တမူးပြည်သူ့ ဆေးရုံသို ကုသခဲ့ရသည့် ဖြစ်ရပ်တစ်ခု စက်တင်ဘာ ၂၂ ရက်နေ့တွင် ဖြစ်ပွါးခဲ့သည်။

ဖြစ်ပုံမှာ - ယင်းနေ့မနက်ခင်းတွင် တမူးမြို့ နန်းမြို့မ ရပ်ကွက်တွင် နေထိုင်သော ကိုထန်လမ်စိန်သည် နေအိမ်မှ အလုပ်သွားရန် ဆိုင်ကယ်ဖြင့် ထွက်ခွါမည်အပြုတွင် သူအိမ်ရှေ့တွင် အိမ်နီးချင်းဖြစ်သူ ဦးနစ်သရား မဟာဒူး (ခ) ဦးလားဖိုင်းက သူ၏အိမ်ရှေ့တွင် တံမြက်စည်းလှဲရာမှ အမှိုက်များကို စုနေ သည်ကို တွေ့သဖြင့် ရပ်ကြည့်ခဲ့ရာ ဦးလားဖိုင်းမှ ကိုယ့်လမ်း ကိုယ်သွားရန် ပြောခဲ့သည်။

ကိုထန်လမ်စိန်ကလည်း သူ့ အိမ်ရှေ့ လမ်းမပေါ်တွင် စုထားသော အမှိုက်များကို ရွေ့ပေးရန် တောင်း ဆိုခဲ့ရာမှ စကားများ ကြပြီး ဦးလာဖိုင်းမှ ထိုးကြိတ်ခဲ့ရာ ဦးလားဖိုင်း၏ မိန်းမနှင့်သမီးလည်း ရောက်လာ ခဲ့ပြီး ထန်လမ်စိန်ကို မိန်းမ ဖြစ်သူက တံမြက်စည်းဖြင့်ကြောကို အပြင်း ရိုက်ခြင်း၊ သမီးဖြစ်သူမှ ခေါင်းကို ကျောက်ခဲဖြင့် ထုခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ယင်းကဲ့သို့ ထုထောင်းရုံ မကပဲ နင်တို့စောက်သုံးမကျ တဲ့ ချင်းတွေ။နင်တို့လူမျိုးအားလုံးကို သတ်ချင် သတ်လို့ရတယ် ဆိုပြီးဆဲဆိုမှုများ အများကြားအောင် အော်ဟစ် ပြောဆိုခဲ့ သည်။ ထန်လမ်စိန်သည် ထုထောင်း ထိုးကြိတ် ခံရသည့်ဒဏ်ရာများကြောင့် လဲကျ သွားခဲ့ရာ နီးစပ်ရာများမှ ပြည်သူ ဆေးရုံသို့ ပို့ပေးခဲ့ကြသည်ဟု အထက်ချင်းတွင်းလူငယ်ကွန်ယက်မှ ခေါင်းဆောင်တဦးမှ Chin World သို့ပြောသည်။

ထိုဖြစ်ရပ်ကြောင့် မြို့မရပ်ကွက် ရဲစခန်း နှင့် မြို့နယ် ရဲစခန်းများသို့ အသီးသီးတိုင်ကြားသော်လည်း ဦလားဖိုင်းကြိုရောက်ပြီးတိုင်ထားခဲ့သဖြင့် ယင်းစခန်းနှစ်ခုမှ အမှုဖွင့်ခွင့်မပေးပဲ တနင်္လာနေ့မှ လာပြီး အမှုဖွင့်ရန် ပြောလွတ်လိုက်ကြောင်း တမူးမြို့ရှိ အထက်ချင်းတွင်း လူငယ်ကွန်ယက်မှ လူငယ်များကို ဆက်သွယ်ပြီး အကြောင်းစုံပြောကြားခဲ့သည်။ ယင်းတို့မှ ခရိုင်ရဲစခန်းနှင့် အဆက်အသွယ် ပြု လုပ်ပေးခဲ့ကြောင်း၊ ခရိုင်၏ စေခိုင်းချက်အရ မြို့နယ်မှ ယင်းညနေ ၅ နာရီ တွင် အမှုဖွင့်ရန် ပြန်လည် လက်ခံခဲ့ကြောင်း ယင်း အမှုအတွက် လှုပ်ရှားသူ မမန်း မှ ရှင်းပြသည်။

လူမျိုးရေးကို စော်ကားပြောဆို ခြင်းကြောင့် ချင်းအမျိုးသားများအား လူငယ်ခေါင်းဆောင်များမှ မနည်း ထိန်းပြီး ဥပဒေ လမ်းကြောင်းအရ အရေးယူနိုင်ရန် ကြိုးစားဖို့ တိုက်တွန်း ဖြန်ဖြေခဲ့ရကြောင်း နှင့် တမူးမြို့ နယ်ရှိ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများ သက်ဆိုင်မည်ဟု မှတ်ယူရသော အစိုးရ ရုံးအသီးသီးများသို့ တိုင်ကြားခြင်း၊ အကြောင်းကြားခြင်းများကို ချင်းလူငယ်များမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အမှုအတွက် စစ်ဆေးခြင်းကို ဦးလာဖိုင်းသာ ပြုလုပ်ပြီး ကျန် ကိုယ်ထိလက်ရောက် ပါဝင်ခဲ့သူ ဖြစ်သည့် သူ၏ မိန်းမနှင့်သမီးကို စစ်ဆေးခြင်း မပြုလုပ်ခဲ့ကြောင်း၊ ဦးလာဖိုင်း အိမ်ကို ရဲများမှ တာဝန်ယူ ကင်းချထားကြောင်း၊ တနလာင်္နေ့တွင် အမှုကို တရားရုံးတွင် စတင်ကြားနာမည် ဖြစ်ကြောင်း၊ ရဲစခန်း နှင့် ဆေးရုံးများတွင် ယင်းအမှု စိတ်ဝင်စားသူများဖြင့် ပြည့်နေကြောင်း မမန်းမှ ဆက်လက် ပြော ကြားခဲ့သည်။

ဦလားဖိုင်း(ခ) နစ်သရာ မဟာဒူးသည် အသက် ၆၀ ၀န်းကျင်ရှိ ဂေါ်ရခါးလူမျိုးဖြစ်ပြီး ယင်းကဲ့သို့ လူမျိုး ရေး စော်ကားသည့် အပြောအဆိုများ၊ လူများကို အနိုင်ထက်စီးနင်းပြုမှုများကို ခဏခဏ ပြုလုပ်ခဲ့သူ ဖြစ်သည့်အပြင် မုဆိုးမများကိုလည်း စော်ကား ပြောဆိုတတ်သူ ဖြစ်သည်ဟုလည်း မမန်း ၏ ပြောပြချက် များအရ သိရှိ ရသည်။

ထန်လမ်စိန် သည် ပူးထွမ်းပေါင်၏ သားဖြစ်ကာ၊ ယခုနှစ်တွင် (၁၀) တန်းအောင်ခဲ့သူ ၊ သုံးဘီးကား မောင်းပြီး အလုပ်လုပ်သည့် အသက် (၁၇) နှစ် အရွယ် ချင်းလူငယ်တဦး ဖြစ်သည်။Ref:chinworld

0 comments:

Post a Comment