Friday, September 14, 2012

အမေရိကန် စစ်ရေယာဉ် ၂ စင်း လစ်ဗျားသို့ စေလွှတ်

ဟွဏ်းဘီးလ် ။    ။ အင်္ဂါနေ့တွင် တူရကီနိုင်ငံ၌  ဖြစ်ပွားခဲ့ရသည့် ဖြစ်ရပ်များအပေါ် အမေရိကန်တို့မှ တုံ့ပြန်သည့် လုပ်ရပ်တစ်ခုကို လုပ်ဆောင်လိုက်ပြီ ဖြစ်သည်။

အမေရိကန်ရှိ တာဝန်ရှိသူများ၏ အပြောအရ အမေရိကန် ရေတပ် စစ်သင်္ဘောနှစ်စင်းမှာ လစ်ဗျာကမ်းခြေ အနီးသို့ စေလွှတ်လိုက်ပြီ ဖြစ်ကာ အမေရိကန် သံအမှုထမ်း ၃ဦးနှင့် သံအမတ်ဖြစ်သူ Chris Stevens တို့သေဆုံးမှုအတွက် ဖြစ်လာသည့် နောက်ဆက်တွဲ ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။

USS Laboon နှင့်  USS McFaul သင်္ဘော၂ စင်းမှာ လစ်ဗျား ကမ်းလွန်တွင် တပ်စွဲထားမည် ဖြစ်ပြီး ယင်းသင်္ဘောတွင် Tamahawk ဒုံးကျည်များ တပ်ဆင်ထားကြောင်းလည်း သိရသည်။ ယခုလို တပ်စွဲထားသော်လည်း ၎င်းတို့ အနေဖြင့် စစ်ဆင်ရေး တစ်ခု မဟုတ်သေးကြောင်းနှင့် သမ္မတအိုဘားမား၏ အမိန့်ကို စောင့်ဆိုင်းနေကြောင်းလည်း AP သတင်းတွင် ဖော်ပြခဲ့သည်။ source : AP

0 comments:

Post a Comment