KRI Klewang လို့ အမည်ပေးထားတဲ့ အဆိုပါ စစ်သင်္ဘောရဲ့ ကိုယ်ထည်ကို ရေဒါနဲ့ ရှာဖွေလို့ မရနိုင်တဲ့ နည်းပညာ ပေါင်းစပ်ထားတဲ့ ကာဘွန် ဖိုက်ဘာတွေကို အဓိကအသုံးပြု တည်ဆောက်ထားကြောင်း၊ ဒီလိုရေဒါနဲ့ ရှာဖွေလို့မရတဲ့ ကိုယ်ပျောက် စစ်သင်္ဘောကို အမေရိကန် ပြည်ထောင်စုနဲ့ အင်ဒိုနီးရှား နိုင်ငံတို့မှာသာ ထုတ်လုပ်တာ ဖြစ်ကြောင်း အင်ဒိုနီးရှား ရေတပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။
အဆိုပါ ကိုယ်ပျောက်သင်္ဘောကို အင်ဒိုနီးရှား ရေတပ်ရဲ့ မှာယူမှုအရ တည်ဆောက်တာဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁၁.၉သန်း ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှား နိုင်ငံဟာ နိုင်ငံရဲ့ စစ်ဘက် လက်နက် စနစ်တွေကို အဆင့်မြှင့်တင်လျက်ရှိပြီး လက်နက်သစ်တွေအတွက် အမေရိကန် ဒေါ်လာ ၁၅.၇ဘီလီယံ လျာထားတယ်လို့လည်း သိရပါတယ်။
0 comments:
Post a Comment