Wednesday, September 5, 2012

ထိုင်းတွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာ

ဟွဏ်းဘီးလ် ။      ။ ထိုင်းနိုင်ငံမှာ အစားအသောက်နဲ့ အဖျော်ယမကာ ဈေးနှုန်းကျဆင်းမှု အလွန်နှေးကွေး နေသလို သြဂုတ်လအတွင်း ငွေကြေးဖောင်းပွမှုဟာ တစ်နှစ်ထက် တစ်နှစ် ၂.၆၉ရာခိုင်နှုန်း မြင့်တက်လာခဲ့သလို  ထိုင်းနိုင်ငံမှာ ဆန်နဲ့ အသားငါးလိုမျိုး အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ လျော့ကျခဲ့တာကြောင့် ပြီးခဲ့တဲ့ နှစ်ကစပြီး ငွေကြေး ဖောင်းပွမှုနှုန်း ကျဆင်းမယ့် အရိပ်အယောင် ရှိနေခဲ့ပေမယ့် အခုနှစ် သြဂုတ်လအတွင်း ထိုင်းနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂.၆၉ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ထိုင်း ကုန်သွယ်ရေး ၀န်ကြီးဌာနမှ ယမန်နေ့က ကြေညာခဲ့ပါတယ်။

အခုအခါ ကုန်ဈေးနှုန်း ထိန်းချုပ်ဖို့နဲ့ နေထိုင်မှုစရိတ် လျှော့ချဖို့ရာ ထိုင်းအစိုးရက စီမံချက် အမြောက်အမြား ချမှတ်ထားပါတယ်။ ထိုင်း ဗဟိုဘဏ်ရဲ့ ခန့်မှန်းချက်အရ ပြီးခဲ့တဲ့ ၈လအတွင်း ပျမ်းမျှငွေကြေး ဖောင်းပွမှု နှုန်းဟာ ၂.၈၉ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ကုန်ဈေးနှုန်း ထိန်းချုပ်ရေး စီမံချက်တွေအရ အဆိုပါ ငွေကြေးဖောင်းပွမှုနှုန်းဟာ စီးပွားရေးကို ထိခိုက်စေမှာ မဟုတ်ဘူးလို့လည်း ထိုင်း ကုန်သွယ်ရေး ၀န်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ယန်ယုံ ဖူအန်ဂရက်ခ်ျက ပြောကြားခဲ့ကြောင်း သိရပါတယ်။

0 comments:

Post a Comment