ဟွဏ်းဘီးလ် ။ ။ ပြည်တွင်းရဲ့ နို့စားနွား မွေးမြူရေး လုပ်ငန်းမှာ အီတလီ အစိုးရရဲ့ငွေကြေး ထောက်ပံ့မှုနဲ့ Environmental Animal Health Management Initiative စီမံကိန်းကို အခုနှစ် အတွင်း စတင် ဆောင်ရွက် သွားမယ်လို့ တိရစ္ဆာန် ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ဌာနခွဲမှ သုတေသန အရာရှိ ဒေါက်တာ ဥက္ကာစိုးရဲ့ ပြောကြားချက် အရ သိရပါတယ်။
အဲ့ဒီ စီမံကိန်းကို ၂၀၁၂ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် အတွင်း အချိန်ကာလ သတ်မှတ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှု အတွက် ကမ္ဘာ့စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့အစည်း FAO မှ ပညာရပ် ဆိုင်ရာများ ထောက်ပံ့ ကူညီမှုပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စီမံကိန်းဟာ ပြည်တွင်းက နို့စားနွား မွေးမြူရေး လုပ်ငန်းမှာ အကျိုး သက်ရောက် ပြောင်းလဲ စေမှုတွေ ဖြစ်ပေါ် စေနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီ စီမံကိန်းအရ မွေးမြူမှု နည်းစနစ်များ၊ ကျွေးမွေးမှု နည်းစနစ်များ တိုးတက် ပြောင်းလဲဖို့ အတွက် ပတ်ဝန်းကျင် အခြေအနေနဲ့ ဆက်စပ် လေ့လာပြီး သုံးသပ် တင်ပြသွားမှာ ဖြစ်ပါတယ်။
အဲ့ဒီ စီမံကိန်းကို ပြည်တွင်းမှာ အကောင်အထည် ဖော်ဆောင်ရွက်ဖို့ စီမံကိန်း သုံးစွဲငွေ အဖြစ် အမေရိကန် ဒေါ်လာ တစ်သိန်း ခုနှစ်သောင်း ကုန်ကျမှာ ဖြစ်ပါတယ်။ အဆိုပါ စီမံကိန်း ဆောင်ရွက်မှု ကိုတော့ မြန်မာနိုင်ငံရှိ FAO ဌာနေ ကိုယ်စားလှယ်၊ ထိုင်းနိုင်ငံမှ FAO ဒေသဆိုင်ရာ ကိုယ်စားလှယ်နဲ့ ပညာရှင် အဖွဲ့အစည်းတို့ ကြီးကြပ်မှုနဲ့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Ref: MRTV-4
0 comments:
Post a Comment