ဟွဏ်းဘီးလ်။ ။ ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့ ရေယာဉ်များမှာ အရှေ့တရုတ် ပင်လယ်ပြင်တွင် ရှိသော ၎င်းတို့ပိုင် ကျွန်းများဟု ကြွေးကျော်ထားသည့် နေရာသို့ ရောက်ရှိလာသည့် ထိုင်ဝမ် ငါးဖမ်းရေယာဉ် အုပ်စုကို ရေအမြောက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း RT သတင်းတွင် ဖော်ပြသည်။ ထိုင်ဝမ် လှေများမှာ ယင်းကိစ္စ ဖြစ်အပြီးတွင် အဆိုပါ ရေပိုင်နက်မှ ထွက်ခွာခဲ့ကြောင်း သိရသည်။
ဒေသခံ ရုပ်မြင်သံကြားများတွင် ဂျပန် ကမ်းခြေစောင့် တပ်များနှင့် ထိုင်ဝမ် လှေများမှာ ရေအမြောက်များဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ ကျွန်းများမှာ ဂျပန် ၊ တရုတ်နှင့် ထိုင်ဝမ်တို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေရခြင်း ဖြစ်ကာ ယခုတလောတွင် အငြင်းပွားမှု အရှိန်မြင့်လာခြင်းလည်း ဖြစ်သည်။ source : xinhuanet
0 comments:
Post a Comment