Saturday, September 8, 2012

တူရကီတွင် စက်လှေ တိမ်းမှောက်၊ ကလေးငယ် ၃၁ ဦး သေဆုံး

ဟွဏ်းဘီးလ်။      ။ တူရကီနိုင်ငံ အနောက်ပိုင်း ကမ်းခြေတွင် ကြာသပတေး နေ့က ရေကြည်ရာ မြက်နုရာ ရှာဖွေ ရွှေ့ပြောင်းသူ ၆၀ ဦး တင်ဆောင်လာသည့် လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွား ခဲ့သဖြင့် ထက်ဝက်ကျော် သေဆုံးခဲ့ ရကာ ယင်းထဲ မှအများစုမှာ ကလေးငယ်များ ဖြစ်ကြကြောင်း ခရိုင် တာဝန်ရှိသူမှ Reuters သတင်းသို့ ပြောကြားခဲ့သည်။

တူရကီ နိုင်ငံ အနောက်ပိုင်းရှိ စီရင်စု တစ်ခု ဖြစ်သည့် Izmir တွင်ရှိသော Menderes ကမ်းခြေ ခရိုင် အုပ်ချုပ်ရေးမှုး ဖြစ်သူTahsin Kurtbeyoglu ၏ အပြောအရ သေဆုံးသူ ၃၁ ယောက်မှာ ကလေးငယ်များ ဖြစ်ပြီး ယင်းအထဲ တွင် မွေးကင်းစ ကလေးငယ် သုံးဦးလည်း ပါဝင်ကြောင်း ပြောကြား ခဲ့သည်။

ယခုလို ဖြစ်ရပ် အတွင်း အများစုသော ရွှေ့ပြောင်း လာသူများမှာ ပါလက်စတိုင်း လူမျိုးများ ဖြစ်ကြကြောင်းလည်း reuters သတင်းတွင် ဖော်ပြခဲ့သည်။

0 comments:

Post a Comment