ဟွဏ်းဘီးလ်။ ။ အမေရိကန် ပြည်ထောင်စု ကာကွယ်ရေး ဝန်ကြီးဌာန မှာ အမေရိကန် နိုင်ငံလုပ် လူမဲ့တိုက် လေယာဉ် များကို နိုင်ငံပေါင်း ၆၆ ခုသို့ ရောင်းချရန်အတွက် ထောက်ခံလိုက်ပြီ ဖြစ်သည်။ သို့ရာတွင် ကွန်ဂရက် လွှတ်တော်နှင့် အစိုးရဌာန တို့မှာ တင်ပို့ရောင်းချမှု ကိစ္စများ မလုပ်ဆောင်မီ အတွင်း နိုင်ငံခြား ဈေးကွက် များကို ရှာဖွေရမည် ဖြစ်သည်။
ပင်တာဂွန် လုံခြုံရေး ပေါင်းဆောင်ရွက်မှု အေဂျင်စီ၏ ဒုတိယ ဒါရိုက်တာ ဖြစ်သူ Richard Genaille မှပြောရာ၌ ယခုလို လေယာဉ်များ ရောင်းချမည့် နိုင်ငံစာရင်းကိုမူ ပြောကြားရန် ငြင်းဆန် ခဲ့သည်။
မကြာသေးမီက ပြုလုပ်ခဲ့သည့် ကာကွယ်ရေး လုပ်ငန်း ကွန်ဖရင့်တွင် Genaille မှပြောရာ၌ မူ အမေရိကန် ပြည်ထောင်စု အနေဖြင့် လူမဲ့ လေယာဉ်များကို နိုင်ငံရပ်ခြားသို့ ရောင်းချရန် အတွက် နားလည်မှု ရှိထားသည့် မူဝါဒ မရှိကြောင်းနှင့် လူမပါသည့် စစ်လေယာဉ် များမှာ အမေရိကန် နိုင်ငံ အတွင်းရှိ သမ္မတ အိုဘားမား အုပ်ချုပ်ရေး အတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး မူဝါဒအတွက် အရေးကြီးသည့် အခန်းကဏ္ဍ တွင် ပါဝင်ခဲ့ကြောင်းလည်း ပြောကြား သွားခဲ့သည်။
0 comments:
Post a Comment