ဟွဏ်းဘီးလ် ။ ။ Lesula ဟု အမည်ရသော မျောက်မျိုးစိတ်သစ် တစ်မျိုးကို အာဖရိကတိုက်တွင် တွေ့ရှိခဲ့ရပြီ ဖြစ်ကြောင်း သိရကာ ၂၈နှစ်အတွင်း ဒုတိယအကြိမ်အဖြစ် တွေ့မြင်ခဲ့ရပြီးနောက် ယခုလို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
Lesula (Cercopithecus lomamiensis) ခေါ် မျောက်မျိုးနွယ်ဝင်မှာ ငြိမ်ငြိမ်သက်သက် နေထိုင်ကြသည့် သတ္တဝါများဖြစ်ပြီး လူတွေ့မခံလိုသည့် သတ္တဝါများဖြစ်ကြောင်း အဆိုပါ သုတေသနကို ပြုလုပ်သူ သိပ္ပံပညာရှင်များမှ ပြောကြားခဲ့သည်။
ယင်းမျောက်များ၏ မျက်နှာပြင်ထက်တွင် ရွှေရောင် အမွှေး အမှင်များဖြင့် ဖုံးလွမ်းထားပြီး ရှည်လျားသည့် အမွှေးများကို ပိုင်ဆိုင်ကြောင်းလည်း သိရသည်။ ယင်းတို့မှာ ငါးကောင်ခန့် ပမာဏရှိသည့် နည်းပါးသော ပမာဏဖြင့်သာ အုပ်စုဖွဲ့နေတတ်ကြကာ ကွန်ဂိုနိုင်ငံ အတွင်းရှိ မြေနိမ့် မိုးသစ်တောများတွင် နေထိုင်ကြကြောင်းလည်း the Guardian သတင်းတွင် ဖော်ပြခဲ့သည်။ source : The Guradian
0 comments:
Post a Comment