ဟွဏ်းဘီးလ် (ချိုကို)။ ။ အခြေခံအီလက်ထရွန်နစ်နှင့် စတိန်းလက်စတီး ဂဟေဆက်သင်တန်း အခမဲ့ ဖွင့်လှစ်သမဝါယမ ဝန်ကြီး ဌာန၊ အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီး ဌာနတို့ ပူးပေါင်း၍ လျှပ်စစ် ကျွမ်းကျင်နှင့် အခြေခံ အီလက် ထရွန်နစ် သင်တန်း နှင့် စတိန်း လက်စတီး ဂဟေဆက် သင်တန်းကို မန္တလေးမြို့၊ ရဲမွန်နည်း ပညာ သင်တန်း ကျောင်းတွင် ၈-၁၀- ၂၀၁၂ နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းများကို တစ်ပတ်လျှင် ခြောက်ရက်၊ နံနက် ၉းဝ၀ မှ ညနေ ၄းဝ၀ နာရီထိ တက်ရောက် ရမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ နှစ်လတိတိ ကြာမြင့်မည် ဖြစ်သည်။ ၄င်း သင်တန်းများ ပြီးဆုံးပါက ထူး ချွန်သူများကို အလုပ်အကိုင်အတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆက် သွယ်ပေးမည်ဖြစ်ကြောင်းနှင့် ကိုယ် ပိုင်လုပ်ငန်း ထူထောင်လိုသူများအ တွက်လည်း စီးပွားဖြစ် လုပ်ကိုင်နိုင် သည်အထိ သင်ကြားပေးကြောင်း သိရသည်။
လျှပ်စစ်ကျွမ်းကျင်သင် တန်းဆင်းများကို လျှပ်စစ်ကျွမ်းကျင် အဆင့် ၂ လက်မှတ် ဖြေဆိုနိုင်ရန် စီစဉ်ပေးပါသည်။ တက်ရောက်လိုသူ များ၏ အနိမ့်ဆုံးပညာအရည်အချင်း မှာ တက္ကသိုလ်ဝင်တန်းအဆင့် သင် ယူဖူးသူဖြစ်ရမည်ဖြစ်ပြီး၊ အစိုးရနည်း ပညာ ကောလိပ် ကျောင်းဆင်းများ လည်း လျှောက်ထားနိုင်ကြောင်း သိ ရသည်။
သင်တန်းတက်ရွန်က်မည့် သူ များသည် မှတ်ပုံတင်ကြေး ၁၀ဝ၀ဝ သာ ပေးသွင်း၍ လိုအပ်ပြီး ကျန် သင်တန်းကုန်ကျစရိတ်မှာ အခမဲ့ ဖြစ် ကြောင်း သိရပါသည်။ စတိန်းလက် စတီးဂဟေဆက် သင်တန်းသား ၂၀ ဦးနှင့် လျှပ်စစ်ကျွမ်းကျင်နှင့် အခြေခံ အီလက်ထရွန်နစ်သင်တန်းသား ၄၀ ဦးကန့်သတ်လက်ခံပါသဖြင့် ၂၉-၉- ၂၀၁၂ နောက်ဆုံးထား၍ ကြို တင်စာရင်း ပေးသွင်းထားရန် လိုအပ် ပါသည်။
အသေးစိတ်သိရှိလိုလျှင် လည်းကောင်း၊ စာရင်းပေးသွင်းလို လျှင်လည်းကောင်း ရဲမွန်နည်းပညာ သင်တန်းကျောင်း ဝ၉-၉၁၀၁၂၇၇၅ နှင့် အသေးစား စက်မှုလက်မှုလုပ် ငန်းဌာန ဝ၂-၃၉၆၀၉ သို့ ဆက် သွယ်စုံစမ်းအပ်နှံနိုင်ကြောင်း သိရပါ သည။
0 comments:
Post a Comment