![]() |
ဖမ်းမိလာသော ဘင်္ဂါလီ (၁၀)ဦးနှင့် မြန်မာ တစ်ဦးအား စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဦကျေးရွာသို့ ခေါ်ဆောင်လာစဉ်။ |
အဆိုပါ ဖမ်းဆီး ထားသူများကို စစ်ဆေးရာ ၄င်းတို့သည် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လာသူများ ဖြစ်သည်ဟု ဝန်ခံထားကြောင်း၊ ယခု ကလေးမြို့ပေါ်သို့ ယူဆောင်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း အဆိုပါ ကျေးရွှာ အုပ်ချုပ် ရေးမှူး၏ ညီဖြစ်သူ ဦးမျိုးညွှန့်က ဆိုသည်။
![]() |
ကလေးမြို့နယ်၊တောင်ဦကျေးရွာတွင် ဖမ်းဆီးရမိသည့် ဘင်္ဂါလီ လူမျိုးများအား လာရောက် ကြည့်ရှု နေကြသည့် ဒေသခံများကို တွေ့ရစဉ်။ |
အလားတူ ရခိုင်ပြည်နယ်တွင်လည်း ဘင်္ဂါလားဒေခ်ျ့ နယ်စပ်မှ ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုးများကို သုံးကြိမ် ဖမ်းဆီးမိပြီး လူဦးရေ နှစ်ရာခန့် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံ ဆက်သွယ် မေးမြန်းချက်များ အရ သိရှိရသည်။Ref:The Voice
0 comments:
Post a Comment