ဟွဏ်းဘီးလ်။ ။ စင်ကာပူနိုင်ငံရှိ Insworld Institute တွင် GCE 'A' Level ကို တက်ရောက် သင်ကြား ပြီးနောက် အမေရိကန်၊ အင်္ဂလန်နှင့် သြစတြေးလျတို့ရှိ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကြီးများသို့ တိုက်ရိုက် လျှောက်ထား တက်ရောက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ Insworld Institute, Singapore သည် University of London Edexcel ၏ အသိအမှတ်ပြု ကျောင်းတစ်ကျောင်းဖြစ်ပြီး ယင်းမှ ဖွင့်လှစ် သင်ကြားလျက်ရှိသော GCE 'A' Level ကို အောင်မြင်ပြီးပါက ကမ္ဘာတစ်ဝန်းလုံးရှိ ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာ နည်းပညာတက္ကသိုလ်များ အပါအဝင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ တိုက်ရိုက် ရွေးချယ် လျှောက်ထားခွင့်ရမည် ဖြစ်သည်။
Insworld Institue တွင် GCE 'A' Level ၏ Standard Level တက်ရောက်မည့် သူများသည် ပညာသင်ကာလ (6 terms x 3 months) စုစုပေါင်း ၁၈ လအား လည်းကောင်း၊ Accelerated Track level တက်ရောက်လိုသူများသည် ပညာသင်ကာလ (4 terms x 3 months) စုစုပေါင်း ၁၂ လအား လည်းကောင်း တက်ရောက် သင်ကြားပြီးနောက် စာမေးပွဲဖြေဆိုနိုင်မည် ဖြစ်သည်။
စက်တင်ဘာလ ဝင်ခွင့်အတွက် ကျောင်း လျှောက်ထားလိုသူများမှာ AT&S Co., Ltd (ရုံးချုပ်)၊ အဆောင် ၅၊ အခန်း ၄၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်နယ်မြေ၊ ဖုန်း ၀၁ ၅၂၁၁၂၅၊ ၀၁ ၆၅၂၃၂၀၊ အထက်မြန်မာပြည်ရုံးခွဲ အမှတ် ၈၂၊ ၇၂ လမ်း၊ ၃၁ နှင့် ၃၂ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး၊ ဖုန်း ၀၂၇၄၄၃၆၊ ၀၂ ၆၆၅၄၉ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။ Ref: Net Guide
0 comments:
Post a Comment