Friday, October 5, 2012

မလေးရှား တက္ကသိုလ်တခုမှ လျှပ်စစ် ကား ထုတ်လုပ်

ဟွဏ်းဘီးလ်။    ။  မလေးရှားနိုင်ငံ Universiti Teknologi Malaysia (UTM) တက္ကသိုလ်က ၀န်ထမ်းတွေနဲ့ ကျောင်းသားတွေဟာ လျှပ်စစ်ကားတစ်မျိုးကို တည်ထွင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ Mizz EV လို့အမည်ပေးထားတဲ့ အဆိုပါ လျှပ်စစ်ကားကို Proton ကုမ္ပဏီထုတ်  Saga BLM chasis ကားအမျိုးအစားကို အသုံးပြုဖန်တီးထားပြီး အချိန် ၈နာရီကြာတစ်ခါ ဘက်ထရီ အားသွင်းထားရုံနဲ့ အကွာအဝေး ၁၂၂ကီလိုမီတာ အထိ သွားနိုင်ပါတယ်။

အဆိုပါ လျှပ်စစ်ကား အပြီးသတ်နိုင်ဖို့အတွက် အချိန် ၉လ ကြာမြင့်ခဲ့ပြီး ရင်းဂစ်ငွေ တစ်သိန်းခန့်ကုန် ကျခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါ လျှပ်စစ်ကားကို Proton Green Mobility Challenge အမည်ရ ပထမဆုံး လျှပ်စစ်ကား ပြိုင်ပွဲအတွက် ရည်ရွယ် ထုတ်လုပ်တာ ဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲကိုSelangor ပြည်နယ်မှာ လာမယ့် အောက်တိုဘာလ ၅ရက်နေ့နဲ့ ၆ရက်နေ့တို့မှာ ကျင်းပမှာ ဖြစ်ပြီး အစိမ်းရောင် နည်းပညာသုံး ကားပြိုင်ခြင်း နည်းဗျူဟာတွေ အတွက်သာမက အဲဒီကားတွေရဲ့ ဈေးကွက် ရှာဖွေရေးနဲ့ တည်ဆောက်ရေးအဖွဲ့တွေရဲ့ နာမည်ကို ထင်ပေါ်စေမှာဖြစ် တယ်လို့ သိရပါတယ်။

အခု ထုတ်လုပ်ခဲ့တဲ့လျှပ်စစ်ကားကို တည်ဆောက်ခဲ့တဲ့  UTM တက္ကသိုလ်ဟာ ပြိုင်ပွဲမှာပါဝင်ဖို့ ရွေးချယ်ခံရတဲ့ အဆင့်မြင့် တက္ကသိုလ်တွေထဲက တစ်ခုဖြစ်ပြီး လျှပ်စစ်ကား တည်ဆောက်ဖို့အတွက် လျှပ်စစ်စနစ်တွေ၊ ဘက်ထရီစနစ်၊ အပူစီမံခန့်ခွဲမှု စနစ်နဲ့ မောင်းနှင်မှုဆိုင်ရာ နည်းပညာစတဲ့ ကဏ္ဍမျိုးစုံကို အသေအချာ စဉ်းစား တည်ဆောက် ထားတာဖြစ်ကြောင်း UTM တက္ကသိုလ်က တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
 

0 comments:

Post a Comment