ဟွဏ်းဘီးလ်(နေလင်းထွန်း )။ ။ ဟိုတယ်နှင့်ခရီးသွား ၀န်ဆောင်မှုအတွက် ကောလိပ်သစ် ဖွင့်လှစ်ထားသော ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှု B.A(Tourism)ဘွဲ့အတွက် အင်္ဂလိပ်စာဘာသာရပ်၌ အနည်းဆုံးအမှတ် ၆၀ ရရှိထားပြီး ရမှတ် ၄၀၀ နှင့်အထက် ရရှိထားသူများသည် ရန်ကုန်မြို့ရှိ အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်သို့ တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။
ထို့အပြင် ယခုနှစ် ကျောင်းဝင်ခွင့်အတွက် စီးပွားရေးစီမံခန့်ခွဲမှု (BBM)နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အင်္ဂလိပ်စာ B.A (EPP) ဘွဲ့တို့အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ် ၄၄၀ နှင့်အထက် ရရှိထားသူများ လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။
၂၀၁၂ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့သော ကျောင်းသားများသည် အဆိုပါကောလိပ်၌ သတ်မှတ်လျှောက်လွှာပုံစံများ ထုတ်ယူ၍ အောက်တိုဘာလ ၁၁ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။ စီးပွားရေးစီမံခန့်ခွဲမှုနှင့် ဟိုတယ်နှင့်ခရီးသွား ၀န်ဆောင်မှု ဘွဲ့တို့အတွက် ကျောင်းသား ၁၀၀ ဦးစီနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အင်္ဂလိပ်စာဘွဲ့အတွက် ကျောင်းသား ၅၀ ဦး လက်ခံ သင်ကြားမည်ဖြစ်ပြီး အချိန်ပြည့်လေးနှစ် တက်ရောက် ပညာသင်ကြားရမည်ဖြစ်သည်။
စီးပွားရေးစီမံခန့်ခွဲမှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အင်္ဂလိပ်စာဘွဲ့တို့အတွက် ယခင်နှစ်ကထက် သင်တန်းသား တိုးမြှင့်ခေါ်ယူခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုဘွဲ့ကို ယခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
0 comments:
Post a Comment