Tuesday, October 23, 2012

တက္ကသိုလ်ဝင်တန်း မေးခွန်း လွှတ်တော်၌သာ အတည်ပြုမည်

ဟွဏ်းဘီးလ်။        ။ Studentsတက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်း ကိစ္စနှင့် ဝိဇ္ဇာ-သိပ္ပံ ဘာသာတွဲများ တွဲခြင်း၊ ခွဲခြင်း ကိစ္စရပ်တို့ကို လွှတ်တော်၌သာ အတည်ပြုတော့မည်ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပြောသည်။

''လက်ရှိ အတိုင်းပဲ သွားမှာလား ဒါမှမဟုတ် ပြောင်းမှာလား၊ ဒါကို လွှတ်တော်မှာပဲ စုပေါင်း ဆွေးနွေးပြီး ဆုံးဖြတ်ချက် ချတော့ မယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ထိုကဲ့သို့ ဆွေးနွေးမှုတို့ကို ယခုကျင်းပမည့် ပထမအကြိမ် ပဉ္စမ ပုံမှန် အစည်းအဝေးတွင် ပြုလုပ်သွားဖွယ် ရှိလိမ့်မည်ဟု ဒုတိယ ဝန်ကြီးက ဆက်ပြောသည်။ နိုင်ငံတွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲ မေးခွန်းကို တစ်နိုင်ငံလုံးတွင် ယခင်က တစ်စုံတည်း ထုတ်၍ စစ်ဆေးမှု ပြုခဲ့သော်လည်း ၂ဝဝဝ ခုနှစ် နောက်ပိုင်း ကာလမှစကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အပါအဝင် နိုင်ငံခြား စာစစ်ဌာန မေးခွန်း ၁၁ စုံထုတ်ခြင်း တို့နှင့်အတူ ဝိဇ္ဇာ၊ သိပ္ပံနှင့် ဝိပ္ပံ ဘာသာရပ် ခွဲခြင်းတို့ကို ပညာရေး ဝန်ကြီးဌာနက ပြုလုပ်ခဲ့သည်။

ရန်ကုန် တက္ကသိုလ်မှ တွဲဖက် ပါမောက္ခ တစ်ဦးက ထိုစဉ်အချိန်က ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်၍ မည်သို့သော မူဝါဒကို အခြေခံကာ ဆောင်ရွက်ခဲ့သည်ကို သေချာ မပြောနိုင်သော်လည်း မေးခွန်း အစုံ များခြင်းကြောင့် မေးခွန်း လွယ်ခြင်း ခက်ခြင်းများ ဖြစ်လာကာ ညီမျှမှု မရှိခြင်းတို့ ကြုံလာပါကြောင်း သူ၏ အတွေ့အကြုံကို အခြေခံကာ ပြောသည်။

သို့သော် မေးခွန်းများခြင်း ကြောင့် မေးခွန်း လုံခြုံမှုတွင် ပို၍ စိတ်ချရကာ ပေါက်ကြားရန် ခက်သည်ဟု တွဲဖက် ပါမောက္ခက ထပ် လောင်း ဆိုသည်။

ရန်ကုန် တက္ကသိုလ်က ကထိက ဒေါက်တာ တစ်ဦးကမူ လွှတ်တော် တွင် ဆွေးနွေးရန် အစီအစဉ် ရှိမှုကို ကြိုဆိုခဲ့ပြီး ဝိဇ္ဇာ-သိပ္ပံ တွဲခြင်း၊ ခွဲခြင်းကိုမူ ဝါရင့် တက္ကသိုလ် ဆရာ အချို့က စင်ကာပူကဲ့သို့သော အိမ်နီးချင်း နိုင်ငံများနှင့် အင်္ဂလန် GCE 'O' Level ကဲ့သို့သော စာမေးပွဲ မေးခွန်းတို့ကို အခြေပြုကာ ၄င်းတို့လည်း ခွဲထားသည်ကို ကြည့် ခြင်းဖြင့် ခွဲသည်က ကောင်းသည်ဟု မှတ်ချက်ပြုသည်။ Ref:Popular News

0 comments:

Post a Comment