ဟွဏ်းဘီးလ်။ ။ ခရစ်ယာန်ဘာသာဝင် တက္ကသိုလ် ကျောင်းသားဟောင်းတွေ စုပေါင်းပြီး မြန်မာနိုင်ငံတက္ကသိုလ် ခရစ်ယာန် ကျောင်းသားသမဂ္ဂ ရပ်တည်မှု နှစ်တစ်ရာပြည့် အခမ်းအနားကို အောက်တိုဘာ (၂၃)ရက်နေ့ ညနေ ၅း၃၀ နာရီ မှာ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်းမဘေးမှာရှိတဲ့ မြန်မာနိုင်ငံခရစ်ယာန်များ အသင်မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဒီအခမ်းအနားကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ခရစ်ယာန်ဘာသာဝင် တက္ကသိုလ် ကျောင်းသားဟောင်းတွေ ၊ ခရစ်ယာန်ဘာသာဝင် ကျောင်းသူကျောင်းသားလူငယ်တွေ နဲ့ (၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ မမီးမီး၊ မနီလာသိန်းတို့ အပါအဝင် စုစုပေါင်း ဦးရေ ၂၀၀ လောက်တက်ရောက်ခဲ့ကြသည်။ Ref: BVJ
0 comments:
Post a Comment