Tuesday, October 30, 2012

ZCD ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်များ ​ရွေး​ချယ်

ဟွဏ်းဘီးလ်။     ။ ချင်း​ပြည်နယ်၏ ဇိုမီး​တိုင်း​ရင်း​သား​ ပါတီတခုဖြစ်ရပ်တည်နေသော ဇိုမီး​ဒီမိုက​ရေစီအဖွဲ့ချုပ် (Zomi Congress for Democracy) က ယနေ့တွင် ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ​ရွေး​ကောက်တင်​မြှောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင့် သိရသည်။

၎င်းအခမ်းအနားကို ယခင်က ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ (ZNC) ဥက္ကဋ္ဌ၊ ယခုတွင် ပြန်လည်ရွေးကောက်တင်မြောက်ခြင်းခံရသော ဇိုမီး​ဒီမိုက​ရေစီအဖွဲ့ချုပ် (ZCD) ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်၏ နေအိမ်၌ ကျင်းပခဲ့သည် ဟုသိရသည်။

အခမ်းအနားတွင် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအတွက် ၁၂ ဦးအား ရွေး​ကောက်တင်​မြှောက်ခဲ့ကြပြီး အဆိုပါ ရွေးချယ်ခံရသော ကော်မတီဝင်များမှ မိတ်ဆက်စကားများ ပြန်လည်ပြောကြားခဲ့ကြကြောင့် သိရသည်။

ပါတီဥက္ကဋ္ဌ အဖြစ် ပူကျင့်​ရှင်း​ထန်၊​ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ အဖြစ် ပူဂင့်​ကမ်း​လျန်၊ Associated General Secretary (1) - Pu Zam Za Mung၊ Associated General Secretary (2) - Pu Pau Lun Min Thang၊ Treasurer - Pu Cin Suan Mang၊ Accountant - Pu Ngul Khan Dal၊ Auditor - Pu Song Do Langh၊ အဖွဲ့ဝင်များအဖြစ် Pu Khup Khan Mung (Publisher) Pu Hau Mun Khai Pu Kam Lam Khup Pu Anthony Kap Khan Khual Pu Pau Kim Tuang (Information) တို့ကို ရွေး​ကောက်တင်​မြှောက်ခဲ့ကြသည်။

ထိုအပြင် ပါတီ ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်မှ သူ၏ အမေရိက ခရီးအတွေ့အကြုံများ၊ ဆက်လက်လုပ်ဆောင်ရမည့် နိုင်ငံရေးကိစ္စအသီးသီးများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင့် သိရသည်။

ပြည်နယ်၊ တိုင်းဒေသ၊ မြို့နယ် အသီးသီးအတွက် ပါတီ အလုပ်အမှုဆောင် ကော်မတီဝင်များကိုလည်း ဆက်လက် ရွေးကောက်တင်မြောက် ခန့်အပ်သွားမည်ဖြစ်ကြောင့်လည်း သိရပါသည်။

မြန်မာနိုင်ငံရှိ ချင်း​(ဇိုမီး​) တိုင်း​ရင်း​သား​လူဦး​ရေ​ပေါင်း​ ၃ သိန်း​ကျော်ရှိပြီး​ ချင်း​ပြည်နယ် တွန်း​ဇံ၊​ တီး​တိန်၊​ မတူပီ၊​ ကျီခါး​၊ ဖလမ်း၊ ကလေး စတဲ့​မြို့နယ်​များတွင် အများ​ဆုံး​ ​နေထိုင်ကြသည်ဟု သိရသည်။

ဇိုမီး​ဒီမိုက​ရေစီအဖွဲ့ချုပ် (Zomi Congress for Democracy) သည်  ဇိုမီး​အမျိုး​သား​ ကွန်ဂရက်ပါတီ (ZNC) မှ  ဇူလိုင် ၅ ရက်​နေ့ ​နေ့စွဲဖြင့် ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်က ပါတီ  ပြန်လည်တည်​ထောင်ခွင့်​ ပြုခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment