Tuesday, October 30, 2012

၇ ကြိမ်မြောက်သော ZOFA ဘောလုံးပြိုင်ပွဲကြီး ကျင်းပပြီ


ဟွဏ်းဘီးလ်။     ။ ကလေးမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော ZOFA ဘောလုံးပြိုင်ပွဲကြီးအား ၇ ကြိမ်မြောက်သော ၂၀၁၂ Cup အတွက် ယမနေ့တွင် စတင်ဖွင့်လှစ်လိုက်ကြောင့် သိရသည်။

၎င်းပွဲတွင် အဖွင့်အမှာစကားပြောကြားရန် ဇိုမီး​ဒီမိုက​ရေစီအဖွဲ့ချုပ် (ZCD) ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်အား ဖိတ်ကြားထားသော်လည်း ကလေးမြို့ လေယာဉ်ကွင်း ပြန်လည်မွန်းမံနေခြင်းနှင့် အကြောင်းအမျိုးမျိုးတို့ကြောင့် တက်ရောက်နိုင်ခြင်းမရှိခဲ့ပေ။ သို့သော် ပိတ်ပွဲမတိုင်မှီတော့ ရောက်လာနိုင်လိမ်မည်ဟု မျှော်လင့်ကြောင့် ပွဲဖြစ်မြောက်ရေး ကော်မတီအဆိုအရ သိရသည်။

ယနေ့ဖွင့်ပွဲတွင် ပြည်တော်သာ နှစ်ခြင်းအသင်းတော်နှင့် ဒိုဝင်း  နှစ်ခြင်းအသင်းတော်တို့ ပွဲဦးထွက် ကစားရာ  ပြည်တော်သာ နှစ်ခြင်းအသင်းတော်မှ ၄-၁ ဂိုလ်းဖြင့် အနိုင်ရရှိခဲ့သည်။

ကျနော် ဒီပွဲကို အမြဲလာအားပေးတယ်။ အနိုင်အဆုံးထက် သူတို့ ပျော်ပျော်ရွှင်ရွှင် ကစားကြတာက ပိုပြီး ပျော်စရာကောင်းပါတယ်။ ကျနော် ဒီပွဲကိုလာတိုင်း မိတ်ဆွေဟောင်းတွေ ပြန်တွေ့ရသလို မိတ်ဆွေသစ်တွေလည်း ရလာတယ်။ ကျမတော့ ဘောလုံး မကစားတတ်ပြင်မဲ့ ကိုယ်အားပေးတဲ့ အသင်းကို ပရိတ်ကြားထဲကပဲ နည်းပြလုပ် အော်ဟစ်ရတာ အရမ်းပျော်တယ်။ ဟု ပွဲကြည့် ပရိတ်သတ်တချို့က ဟွဏ်းဘီးလ် ကို ရင်ဖွင့်သည်။

ZOFA ဘောလုံးပြိုင်ပွဲကြီးသည် ကလေးမြို့နယ်တဝိုက်ရှိ ကျေးရွာအသီးသီးမှ ခရစ်ယာန်ဘာသာ ဇိုမီးလူမျိုး လူငယ်များ ချစ်ချစ်ခင်ခင် မိတ်သဟာယဖွဲ့နိုင်အောင် ရည်ရွယ်ခြင်းဖြင့် တည်ထောင်ထားခဲ့ခြင်းဖြစ်ကြောင့် သိရသည်။

0 comments:

Post a Comment