Tuesday, November 6, 2012

ကလေးမြို့အနီးတွင် ဘင်္ဂါလီ (၁၉) ဦး ဖမ်းမိ

ကလေးမြို့တွင် ဖမ်းဆီးခြင်းခံရသော ဘင်္ဂါလီအမျိုးသား ၁၉ ဦးကို တွေ့ရစဉ်။  
ဟွဏ်းဘီးလ်(မင်းရဲစစ်နိုင်)။        ။ ၅.၁၁.၂၀၁၂ တနင်္လာနေ့ နံနက်(၈း၃၀) အချိန်တွင် ကလေးတစ်မြို့နယ်လုံးဆိုင်ရာအမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အသင်းကြီးနှင့်အတူ တာဝန်သိအမျိုးသားတစ်ဦး၏ သတင်းပေးမှုဖြင့် မြန်မာနိုင်ငံတွင်း တရားမ၀င်နေထိုင်သူများဟု ယူဆရသောဘင်္ဂါလီ (၁၉) ဦးတို့ကို တာဝန်သိပြည်သူများ ၀ိုင်းဝန်းပြီး ဖမ်းဆီးကာ သက်ဆိုင်ရာသို့ အပ်နှံအရေးယူစေခဲ့ကြောင်း သတင်းရရှိပါသည်။

၎င်းဘင်္ဂါလီ များရှိကြောင်း သတင်းပေးသူမှာ တောတောင် ချောင်းများတွင် ငါးဖမ်းရင်း တွေ့ရှိရာမှ သတင်းပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသော ဘင်္ဂါလီများကို သက်ဆိုင်ရာလက်သို့ မအပ်နှံမှီ ကာလအတွင်း ကလေးမြို့ မင်္ဂလာဥယျာဉ်
ပရိယတ္တိစာသင်တိုက်၌ ခေတ္တထားရှိခဲ့ပြီး ကလေးမြို့ ပြည်သူ (၁၀၀၀)ခန့်အား မြင်သာစွာ ပြသခဲ့ပါသည်။ ထိုကျောင်းတွင်ပင် အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ နေသာ ဆရာတော်မှ အွန်လိုင်းများတွင် မြန်မာများက သူတိုဘင်္ဂါလီများကို မတရားနှိပ်စက် နေကြောင်း သတင်းတွေ တင်ထားပါတယ်။

အခုပြုလုပ်တဲ့ ပွဲကတော့ မြန်မာတွေ သူတို့အပေါ် နှိပ်စက်နေတာမဟုတ်ဘူးဆိုတာ အားလုံးသိစေချင်လို့ပါလို့ မိန့်ကြားသွားခဲ့ပြီး အသင်းကြီးအနေဖြင့် ရိုဟင်ဂျာ (၅၀) ဦးကို ယခု လပိုင်းအတွင်း ဋ္ဌာနဆိုင်ရာများ ပြည်သူများနှင့်တကွ အသင်းကြီးရဲ့ လှုပ်ရှားမှုများဖြင့် ဖမ်းဆီးပေးနိုင်ခဲ့ကြောင်းကိုလည်း  အသင်းကြီး၏ ဒုဥက္ကဋ္ဌ မင်္ဂလာဥယျာဉ်စာသင်တိုက် ဆရာတော်မှ ပြောကြားခဲ့ပါသည်။

အမျိုးဘာသာ သာသနာကာကွယ် စောင့်ရှောက်ရေး အသင်းကြီးအနေဖြင့်လည်း ကလေးမြို့နယ်နှင့် နီးစပ်ရာမြို့/မြို့နယ်များသို့ လှည့်လည်ပြီး အမျိုးဘာသာ သာသနာ ကာကွယ်စောက်ရှောက်နိုင်ရေး အသိပေး အမြင်ဖွင့် ဟောပြောပွဲများ ပြုလုပ်နေကြောင်းကိုပါ သိရပါသည်။ ၄င်း ဘင်္ဂါလီများနှင့် ပတ်သက်၍ ဥပဒေရေးရာအရ အရေးယူနိုင်ရန် ပြည်သူရဲတပ်ဖွဲ့ ကလေးမြို့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားရေးရာဦးစီးဌာန (ကလေးမြို့ လ၀က) တို့မှ စစ်ဆေးနေကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment