Wednesday, November 7, 2012

Facebook တွင် Instagram ဓာတ်ပုံများ ယူသုံးနိုင်ပြီ

ဟွဏ်းဘီးလ်။        ။ ဓာတ်ပုံများ အခမဲ့မျှဝေနိုင်သော အင်တာနက် ၀ဘ်ဆိုဒ်တစ်ခုဖြစ်သည့် Instagram ကို နိုဝင်ဘာလ(၆) ရက် တနင်္လာနေ့မှစ၍ ကမ္ဘာ့ထိပ်တန်း လူမှုကွန်ယက် တစ်ခုဖြစ်သည့် ဖေ့ဘုတ်စာမျက်နှာများနှင့် ချိတ်ဆက် အသုံးပြုနိုင်ပြီ ဖြစ်သည်။ Instagram ၀ဘ်ဆိုဒ်မှမှပုံများကို အဆိုပါဝဘ်ဆိုဒ်အသုံးပြုသူ မည်သူနှင့်မဆို မျှဝေခံစားကြည့်ရှုနိုင်ပြီး ဝေဖန်ချက်များနှင့် ကြိုက်နှစ်သက်ကြောင်းများကို နောက်ဆက်တွဲ ဖော်ပြနိုင်မည်ဖြစ်သည်။

Instagram သည် ဆန်ဒီဟာရီကိန်း မုန်တိုင်းဝင်ရောက် တိုက်ခတ်ပုံများကို အဓိကရိုက်ကူးနိုင်ခဲ့သည်။ Instagram နှင့် facebook ချိတ်ဆက်ရန်အတွက် ကနဦးသတ်မှတ်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံနှင့် တန်ဖိုးသတ်မှတ်ထားသော်လည်း နောက်ပိုင်းတွင် facebook ရှယ်ယာဈေးနှုန်းကျဆင်းခဲ့မှုကြောင့် ကျသင့်တန်ဖိုးလျော့နည်းခဲ့သည်။ Instagram ၏ အဓိက အချက်မှာ ရုပ်ရှင်အသွင်ဆောင်သည့်ပုံရိပ်များအဖြစ် ပြောင်းလဲနိုင်မည့် လျှပ်တစ်ပြက်ပုံရိပ်များကို လူထုအကြား မျှဝေ သွားရန်ဖြစ်သည်။ Source : channelnewsasia

0 comments:

Post a Comment