ဟွဏ်းဘီးလ်။ ။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရှိ နယ်စပ်တွင် တည်ရှိပြီး နယ်စပ်လုံခြုံရေးအတွက် အဓိကကျသည့် နေရာတွင် တည်ရှိသည်။ လက်ရှိ ရခိုင်ပြည်တွင်ဖြစ်ပွားနေသည့် အဓိကရုဏ်း ကူးစက်လာမှာကိုလည်း ဒေသခံများ စိုးရိမ်နေကြသည်။
နိုဝင်ဘာလ (၄) ရက်နေ့က စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်၊ ကထမ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်တို့ ချင်းပြည် နယ်တောင်ပိုင်း ပလက်ဝမြို့နယ်သို့ နယ်လှည့် ကွင်းဆင်းကြောင်း သိရသည်။
“ တာဝန်ရှိနှစ်ဦးဟာ မွန်းလွဲ နှစ်နာရီမှာ မြို့နယ်အတွင်း ထရွန်အိုင်ကျေးရွာဒေသခံ လူကြီး ၃၀ ဦးနဲ့ တွေ့ဆုံခဲ့ကြတယ်၊ ကျေးရွာအတွက် ကျပ်ငွေ ၃ သိန်းလှူဒါန်းခဲ့ကြတယ်” ဟု ဒေသခံ တဦးက သတင်းပေးပို့သည်။
တာဝန်ရှိနှစ်ဦးသည် စစ်လေယာဉ်နဲ့ ရောက်ရှိလာကြပြီး နယ်မြေလုံခြုံရေးနှင့် ဒေသဖွံ့ ဖြိုးရေး ကိစ္စကို အဓိက ဆွေးနွေး ခဲ့ကြတာဖြစ်ကြောင်း ဆက်ဆိုသည်။
“အခုတောင်မှ ၀က်ကုန်သည်တွေ ခရီးမသွားမလာရဲဖြစ်နေကြပြီ၊ ဒီဒေသက နယ်မြေလုံခြုံရေး အဓိက ကျပါတယ်၊” ဟု စက်လှေပိုင်ရှင်တဦးက ပြောသည်။
ကျောက်တော်- ပလက်ဝ၊ ထရွန်အိုင်မှတဆင့် ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေများဖြင့် ကုန်စည်ကူးသန်းရာ အချက်အချာကျသည့် ဒေသလည်းဖြစ်သည်။
ကထစ မှူး နှင့် တိုင်းမှူးတို့သည် မွန်းလွဲ သုံးနာရီခွဲခန့်တွင် စစ်တွေသို့ စစ်လှေယာဉ်ဖြင့်ပြန်လည် ထွက်ခွါ သွားကြောင်း သိရသည်။ Ref:KNG
0 comments:
Post a Comment