Wednesday, November 7, 2012

အရင်းအနှီးမလို Domain နှင့် Hosting ရောင်းနိုင်မယ့် ဆိုက်

ဟွဏ်းဘီးလ်။        ။ webhosting-cpanelတော်တော်များများက Reseller ဆိုရင် အရင်ဆုံးပိုက်ဆံပေး၊ ပြီးတော့ အဲပိုက်ဆံ ထဲကနေ  ဝယ်ချင်တာ ဝယ်လို့ရတဲ့ ပုံစံနဲ့ ယဉ်ပါးလာခဲ့တာ တော်တော် ကြာပါပြီ။ အခု ပြောပြပေးချင်တာက တော့ အွန်လိုင်း စီးပွားရေး လုပ်ချင်တဲ့ သူတွေအတွက် အရင်းအနှီး မလိုဘဲ၊ တစ်ပြားတစ်ချပ်မှ ငွေကိုကြိုပြီးသွင်း ထားစရာမလိုဘဲနဲ့ Domain တို့၊ Hosting တို့ ရောင်းနိုင်မယ့် ဆိုက်လေး ပါ။ သူက ဒိုမိန်း ဆိုရင်လည်း ကိုယ် ကြိုက်သလောက် ဈေးနှုန်းကို ထားနိုင် မှာဖြစ်ပြီး ရောင်းရတိုင်း အတွက်ကို ကော်မရှင်နဲ့ ကိုယ့်အကောင့်ထဲကို ရောက်လာမှာဖြစ်ပါတယ်။

သူ့မှာ Domain, Share Hosting, VPS, Semi Dedicated, Dedicated စတာတွေ လည်း ရောင်းချပေးထားပြီးတော့ SSL Certificate လည်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ SSL Certificate က Hacker တွေရဲ့ရန်က အတန်အသင့် ကာကွယ်နိုင်တယ်လို့ ကျွမ်းကျင်သူ တချို့က ဆိုပါတယ်။ SSL Certificate မှာ Verisign,Thawte,Geotrust စတာတွေကလည်း နာမည်ကြီးတဲ့ Certificate တွေထဲမှာ ပါပါတယ်။ ဝယ်တဲ့သူ အနေနဲ့ ကတော့ အွန်လိုင်း Payment ရှိဖို့ လိုအပ်ပါတယ်။

Online Payment ကတော့ သိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံမှာ ပြုလုပ်တော့မှာ ဖြစ်တဲ့ အတွက် အခုကတည်းက ကြိုပြီး ကိုယ့် ဆိုက်ကို ပြင်ဆင်ထားရင် နောက်ပိုင်းမှာ Online Payement ရတာနဲ့ ချက်ချင်း မြန်မာနိုင်ငံမှာ ကိုယ့်ရဲ့ Brand ကို ဖောက်လို့ရပါပြီ။ နောက်တစ်ခုက နိုင်ငံခြားက Website တွေထဲမှာ ကိုယ့်ရဲ့ Website Link ကနေ ဝယ်လို့ ရတယ်ဆိုတာကို ကြော်ငြာပေးထား ရင်လည်း ပြည်ပက Online Payment နဲ့ ကတ်ရှိတဲ့တစ်ယောက်ယောက်က လာဝယ်ရင် ပိုက်ဆံက အလကားနေ ရင်း ဝင်နေတော့မှာပါ။ တကယ်လို့ ဝင်ရောက်ကြည့်ရှုချင် တယ်ဆိုရင်တော့ http://www.resellerpanel.com/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ် သိချင်ရင် http://www.resellers.com/support/resellers-FAQ.html မှာ ဝင်ရောက်လေ့လာလို့ရမှာပါ။

0 comments:

Post a Comment