ဟွဏ်းဘီးလ်။ ။ ပြည်တွင်းမှာ ပြည်ပ နိုင်ငံသားများ အမြဲတမ်း နေထိုင်ခွင့်
Permanent Residence System(PR) စနစ်ကို ကျင့်သုံးနိုင်ဖို့
အတွက်ပြင်ဆင် ဆောင်ရွက်မှုတွေစတင်နေပြီ ဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
အဆိုပါ စနစ်မှာ တစ်ဖက် နိုင်ငံသား ဘ၀ကို စွန့်လွှတ်ဖို့ မလိုဘဲ မိမိတို့ နိုင်ငံမှာ ကာလ အပိုင်းအခြား နေထိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်များ ရရှိမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အခုလို PR စနစ် ကျင့်သုံးဖို့ အတွက် PR စနစ် စီမံခန့်ခွဲရေး
ကော်မတီမှ ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိပါတယ်။ အဆိုပါ PR စနစ်ကို
ပြည်တွင်းမှာ ဆောင်ရွက်မယ် ဆိုပါက နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ပြဋ္ဌာန်း သင့်၊ မသင့် စဉ်းစား ဆောင်ရွက်
လျက်ရှိပါတယ်။ ဒါ့အပြင် PR စနစ် ဆောင်ရွက်ဖို့ အတွက် PR စနစ် စိစစ် ထုတ်ပေးရေး ကြီးကြပ်မှု ကော်မတီကို လိုအပ်တဲ့ ၀န်ကြီး ဌာနများမှ ကိုယ်စားလှယ် များနဲ့ ဖွဲ့စည်း တာဝန်ပေး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို စနစ်ကို ပြည်တွင်းမှာ ကျင့်သုံးတဲ့ အတွက် နည်းပညာ၊ အရင်းအနှီး၊ လူ့စွမ်းအား အရင်းအမြစ်များ၊ အလုပ်အကိုင် အခွင့်အလမ်းများ နိုင်ငံ အတွင်း စီးဝင်လာနိုင်တဲ့ အတွက် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးမှာ အထောက်အကူ များစွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အခုလို PR စနစ် ကျင့်သုံးဖို့ အတွက် လက်ရှိမှာ သက်ဆိုင်ရာ ၀န်ကြီး ဌာနများမှ တာဝန်ရှိ သူများ ပညာရှင်များနဲ့ အသေးစိတ် စတင် ဆွေးနွေး လျက်ရှိပြီး နောက်ပိုင်း မှာလည်း အခုလို ဆွေးနွေးမှု တွေကို အဆင့်ဆင့် ထပ်မံပြုလုပ် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ PR စနစ် စတင်နိုင်မှု ကိုတော့ လာမယ့်နှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ဖို့ အတွက်
ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ Ref:MRTV - 4
0 comments:
Post a Comment