Saturday, November 3, 2012

မြန်မာနိုင်ငံကူး လက်မှတ် ၅ နှစ် သက်တမ်းသို့ တိုးမြင့်

ဟွဏ်းဘီးလ်။        ။ မြန်မာနိုင်ငံကူး လက်မှတ်များရဲ့ သက်တမ်းကို ယခင်က အများအားဖြင့် ၃ နှစ်သာ သတ်မှတ် ထားပေမယ့် အခုအခါ ပတ်စ်ပို့ အမျိုးအစား အားလုံးရဲ့

သက်တမ်းကို ၅ နှစ် သက်တမ်း အဖြစ် သတ်မှတ် ပေးလိုက်ပြီ ဖြစ်တယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာန မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးမှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ပတ်စ်ပို့ သက်တမ်းများ တိုးပေးမှုကို နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ပြောင်းလဲ သတ်မှတ်ပေးတာ ဖြစ်ပါတယ်။

အဲ့ဒီလို ပြောင်းလဲပေးမှုကို နိုင်ငံကူး လက်မှတ် အသစ် လျှောက်ထား သူများနဲ့ သက်တမ်းတိုး လျှောက်ထား သူများအတွက် ၅ နှစ် သက်တမ်းရှိတဲ့ Possport များကို ထုတ်ပေးမှာ ဖြစ်ပါတယ်။ ယခင်က ပြည်တွင်းရဲ့ ပတ်စ်ပို့ သက်တမ်းတွေကို သင်္ဘောသား ပတ်စ်ပို့ ဖြစ်ပါက သက်တမ်း ၅ နှစ်၊ အလုပ်သမား ပတ်စ်ပို့ သက်တမ်းမှာ ၄ နှစ်နဲ့ အခြား ပတ်စ်ပို့ သက်တမ်း အတွက် ၃ နှစ် သက်တမ်းနဲ့သာ ထုတ်ပေး ခဲ့တာ ဖြစ်ပါတယ်။ အခုအခါ မှာတော့ အမျိုးအစား မခွဲတော့ဘဲ ပတ်စ်ပို့ အားလုံးကို သက်တမ်း ၅ နှစ်အထိ သတ်မှတ် ဆောင်ရွက်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ပတ်စ်ပို့ သက်တမ်းတွေကို ၅ နှစ်အထိ တိုးမြှင့် လုပ်ဆောင် ပေးရာမှာ လျှောက်ထားမှု ပြောင်းလဲမှု မရှိဘဲ ယခင် အတိုင်းသာ ပေးသွင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ပတ်စ်ပို့ စတင် လျှောက်ထား သူများနဲ့ သက်တမ်း တိုးသူတွေ အတွက် ၂၁ ရက် အတွင်း ပတ်စ်ပို့များ ရရှိအောင် ဆောင်ရွက် ပေးနေတာ ဖြစ်ပါတယ်။ ပတ်စ်ပို့ လျှောက်ထားမှု အတွက် အခုလို သက်တမ်း တိုးမြှင့် ပေးရတာဟာ အများပြည်သူ အဆင်ပြေ စေဖို့နဲ့ အချိန်ကာလ သတ်မှတ်ချက် များပြားလာတဲ့ အတွက် ပြည်ပမှာ သွားရောက် လုပ်ကိုင်သူများ အနေနဲ့ ပိုမို အဆင်ပြေစေဖို့ ဖြစ်တယ်လို့ သိရပါတယ်။ Ref:MRTV - 4

0 comments:

Post a Comment