Showing posts with label Software. Show all posts
Showing posts with label Software. Show all posts

Friday, November 2, 2012

Windows 7 ကို လျင်မြန်စွာ အသုံးပြုနိုင်သည့် အချက် ခုနစ်ချက်

ဟွဏ်းဘီးလ်။    ။ Windows 7 ကို အသုံးပြုနေသူများအတွက် Windows 7 ကို လျင်မြန် သော လုပ်ဆောင်ချက်များ ရရှိနိုင်စေရန်အတွက် အွန်လိုင်းတွင် ဝေမျှထားသည့် အချက် ခုနစ်ချက်ကို ဖော်ပြ ပေးလိုက်ပါသည်။
Window 7 ကို လျင်မြန်စွာ ပြောင်းလဲအသုံးပြုခြင်း
Window 7 ကိုလျင်မြန်စွာ ပြောင်းလဲ အသုံးပြုနိုင်ရန်အတွက် minimize- maximize Animation များကို disable လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ Disable ပြုလုပ်နည်းမှာ Run Box ကနေ System Properties Performance ဟု ရိုက်ပြီး Visual Effects Tab တွင် Animate windows when minimizing and maximizing ကို uncheck လုပ်ကာ OK နှိပ်ရမည် ဖြစ်ပါသည်။

 Windows 7 boot time ကို မြှင့်တင်ခြင်း 
Windows 7 သည် စတင် အလုပ်လုပ်စဉ်တွင် core တစ်လုံးတည်းကိုသာ အသုံးပြုပါသည်။ ဒါကြောင့် boot time ကို မြှင့်တင်ရန်အတွက် အသုံးပြုမည့် core များကို တိုးမြှင့်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ ပြုလုပ်နည်းမှာ Start မှ Run ကိုနှိပ်ပြီး Run Box မှာ msconfig လို့ ရိုက်ထည့်ပြီးလျှင် boot tab ရှိ Advanced options... ကို click လုပ်ရပါမည်။ ထို့နောက် Number of processors တွင် မိမိကွန်ပျူတာရှိ processors ၏ core အရေအတွက်ကို ရိုက်ထည့်ရမည် ဖြစ်သည်။ မလိုအပ်သည့် font များကို ဖယ်ရှားရမည် ဖြစ်ပြီး ဖယ်ရှားခြင်း အားဖြင့် System ၏ လုပ်ဆောင်ချက် များကို မြှင့်တင် ပေးနိုင်ပါသည်။ ပြုလုပ်နည်းမှာ Control Panel ၏ Font Folder ရှိ အသုံးမပြုသော Font များကို ဖယ်ရှားခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ ထို့အပြင် Run Box မှတစ်ဆင့် Control Fonts ကို ရိုက်ထည့်ကာ ပြုလုပ်နိုင်ပါသည်။

 Windows 7 Shutdown Time ကိုမြှင့်တင်ခြင်း 
Window 7 က Shutdown ပြုလုပ်ခြင်းသည် Window XP, Window Vista တို့ထက် ပိုမြန်ပါသည်။ သို့သော် Registry အတွင်း အနည်းငယ် အပြောင်းအလဲ လုပ်ရန် လိုအပ်ပါသည်။ ပြောင်းလဲပုံမှာ Run Box ထဲတွင် Regedit ဟုရိုက်နှိပ်ပြီး Enter လုပ်ရမည်။ ထို့နောက် HKEY- LOCAL- MACHINE မှ SYSTEM တွင် Current Control Set Control ကို Right- Click နှိပ်ပြီး Wait To Kill Service TimeOut ကိုရိုက်ထည့်ကာ Value 12000 (12 Seconds) ကို default အဖြစ် ထားရမည် ဖြစ်သည်။ ထို့နောက် OK အလုပ်ပြီး PC ကို Restart လုပ်ရမည် ဖြစ်သည်။

Search Indexing Feature ကို disable လုပ်ခြင်း
မိမိ သိမ်းဆည်းထားသည့် ဖိုင်များကို အလွယ်တကူ ပြန်ရှာဖွေနိုင်ရန်အတွက် Search Indexing Feature ကို ပိတ်ထားသင့်ပါသည်။ ပြုလုပ်နည်းမှာ Run Box တွင် Service. msc ဟု ရိုက်ထည့်ပြီး Window Search ကို Right- Click လုပ်ကာ disable လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။

Taskbar Thumbnail ရဲ့ဖော်ပြချိန်ကို လျှော့ချခြင်း 
Taskbar များကို thumbnail အဖြစ် ဖော်ပြခြင်းသည် Windows 7 ၏ အကောင်းဆုံး Feature ဖြစ်ပါသည်။ သို့သော် System ကို နှေးကွေးစေသောကြောင့် ၎င်း Thumbnail များ၏ ဖော်ပြချိန်ကို လျှော့ချပေးခြင်းဖြင့် System ၏ လုပ်ဆောင်ချက်ကို မြှင့်တင် ပေးနိုင်ပါသည်။ ပြုလုပ်နည်းမှာ Run Box တွင် regedit ဟု ရိုက်ထည့်ပြီး HKEY- CURRENT- USER> Software> Microsoft> Window> Current Version> Exploer> Advance တွင် Right Click နှိပ်ပြီး New ကို ကလစ်ထောက်ကာ DWORD (or) DWORD Value ကို ရွေးကာ Thumbnail Live Preview Hover Time ဟု ရိုက်ထည့်ရမည် ဖြစ်သည်။ ထို့နောက် ရိုက်ထည့်လိုက်သည့် စာသားပေါ်တွင် Right- Click လုပ်ပြီး Modify လုပ်ရပါသည်။ ပြီးလျှင် Decimal Base တွင် 200 (0. 2 Seconds) ဟု ရိုက်ထည့်ပြီး OK ကိုနှိပ်ကာ Restart လုပ်ရပါမည်။ System Sounds ကိုလည်း မလိုအပ်လျှင် ပိတ်ပစ်သင့်ပါသည်။

Windows 7 ၏ System Sound ကို မလိုအပ်လျှင် ပိတ်ထားသင့်
ပိတ်ထားလိုသူများ အနေဖြင့် Run Box တွင် mmsys. cpl ဟု ရိုက်ထည့်ပြီး Sound Tab တွင် No Sounds ကို ရွေးကာ ပြုလုပ်နိုင်ပါသည်။ မလိုအပ်သည့် Startup ပရိုဂရမ်များကို ပိတ်ပါ။ အချို့ ပရိုဂရမ်များသည် Windows စတင် အလုပ်လုပ်ချိန်မှာ အလိုအလျောက် အလုပ်လုပ်ပါသည်။ အလိုအလျောက် အလုပ်လုပ်သည့် ပရိုဂရမ်များတွင် Acrobat, Quick Time, iTunes, Java စသည့်တို့ ပါဝင်ပြီး ၎င်းတို့ကို ပိတ်ထားခြင်းဖြင့် System ကို လျင်မြန်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။ ပြုလုပ်နည်းမှာ Run Box တွင် msconfig ဟု ရိုက်ထည့်ပြီး startup tab တွင် မလိုအပ်သည့် ပရိုဂရမ်များကို uncheak လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။

Aero Theme ကို Disable လုပ်ထားသင့်
Windows 7 ၏ Aero Theme သည် နှစ်သက်ဖွယ် ကောင်းပေမယ့် System လုပ်ဆောင်ချက်များကို နှေးကွေးစေပါသည်။ Aero Theme ကို disable လုပ်လိုသူများအတွက် desktop တွင် Right Cilck နှိပ်ပြီး Personalise ကိုရွေးကာ Window Color Tab ကို ကလစ်လုပ်ပြီး Enable Transparency box ကို uncheak လုပ်ရမည် ဖြစ်သည်။ ထို့နောက် Open Classic appearance properties for more color options တွင် standard (okdY) Basic theme ကို ရွေးချယ်ကာ ပြုလုပ်နိုင်ပါသည်။ ဤသို့ဖြင့် Windows 7 အသုံးပြုသူများကို မိမိတို့၏ Windows များကို မြန်မြန်ဆန်ဆန်နှင့် အသုံးပြုနိုင်အောင် အထက်ပါ အချက် ခုနစ်ချက်ကို ဖော်ပြပေးလိုက် ပါသည်။ Ref:ITweekly

Friday, October 26, 2012

ချင်းတိုင်းရင်းသား ဘာသာ ဖတ်စာအုပ် ဆော့ဖ်ဝဲထုတ်လုပ်

ဟွဏ်းဘီးလ်(နွမ်ဘွိုင်း)။        ။ ချင်းတိုင်းရင်းသားဘာသာ ကျောင်းဖတ် စာအုပ်တွေကို အသံရော၊ အရုပ်ပါ ပါဝင်ပြီး လေ့လာနိုင်မယ့် Zolaisinna (ချင်းစာသင်ခန်းစာ)လို့ အမည်ပေးထားတဲ့ ဆော့ဖ်ဝဲကို အောက်တိုဘာလ ကနေ စတင်ဖြန့်ချိနေပါပြီ။

"ကိုယ့်လူနည်းစု အမျိုးသားတွေ တိုးတက်နိုင်ဖို့နဲ့ ကျွန်တော်တို့ လူမျိုး တွေအတွင်း ချင်းစာမပပျောက်အောင် ကြိုးစားတာပါ။ ကျွန်တော် ရှေ့ကနေလည်း မဦးဆောင်နိုင်ဘူးဆိုတော့ တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးပေးနိုင်အောင်  ကြိုးစားကြည့်တဲ့ သဘောပါ" လို့ ဆော့ဖ်ဝဲကို တီထွင်သူ ကျင့်ဆွမ်ကပ်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ငယ်ငယ်တုန်းက တွန်းဇန်မြို့နယ်၊ ချင်းပြည်နယ်မှာ နေခဲ့တော့ အချိန်ပိုမှာ ချင်းစာတွေကို သင်ခဲ့ရတဲ့ ကျွန်တော်တောင်မှ ကိုယ့်စာကို သေသေချာချာ ဂဃနဏ မရေးတတ်သေးဘူး ဆိုတော့ အခုခေတ် ချင်းစာကို လေ့လာနိုင်ဖို့ အခွင့်အရေး နည်းတဲ့ကလေးတွေအတွက် ပိုဆိုးတာပေါ့။ အဲဒါကို ကျွန်တော် ကိုယ်ချင်းစာတယ်" လို့လည်း သူက ပြောပါတယ်။

လူမျိုးရေးကို စိတ်ဝင်စားသူတစ်ဦး လည်းဖြစ်ပြီး အနယ်နယ်အရပ်ရပ်ကို ရောက်ရှိပျံ့နှံ့နေတဲ့ ချင်းလူမျိုးတွေ အကြား ချင်းစာပေကို အတတ်နိုင်ဆုံး ဖြန့်ဝေနိုင်အောင် ကြိုးစားခြင်းလည်း ဖြစ်တယ်လို့ပြောတဲ့  ကျင့်ဆွမ်ကပ်ကတော့ အသက် ၂၄ နှစ်အရွယ် ချင်းတိုင်း ရင်းသားဖြစ်ပြီး Master of Engineering ကို ၂၀၁၂ ဇူလိုင်လမှာ အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒီဆော့ဖ်ဝဲကတော့ ချင်းလူမျိုး တွေ မိမိကိုယ်ပိုင်စာကို အလွယ်တကူ သင်ယူတတ်မြောက် နိုင်စေရန် အဆင် ပြေမယ့် ဆော့ဖ်ဝဲလည်းဖြစ်ပါတယ်။

"ဒါက ဆရာမလိုပဲ ချင်းစာကို သင်ယူနိုင်မယ့် အခွင့်အလမ်းတစ်ခုပါ။ အခုခေတ်မှာ မိဘတွေကလည်း အလုပ်ကိစ္စတွေကြောင့် သားသမီးတွေကို စောင့်ကြည့်၊ အချိန်ပေးပြီး ချင်းစာကို တကူးတက သင်မပေးနိုင်တော့ဘူး။ ပြီး တော့ သင်တန်းတွေတက်ရင် တစ်ခါ နားမလည်ဘူးဆိုရင် အဲဒီသင်ခန်းစာ လွတ်သွားမယ်။ ဒါပေမယ့် ဒီဆော့ဖ်ဝဲ ကတော့ ဒီလေ့ကျင့်ခန်းတစ်ခုကို မရ သေးဘူး၊ နားမလည်သေးဘူးဆိုရင်တောင် click  နှိပ်ပြီး ထပ်ခါထပ်ခါ လေ့ကျင့်လို့ရတယ်" လို့ ဒီဆော့ဖ်ဝဲရဲ့ အသုံးဝင်ပုံတွေကို ပြောပြခဲ့ပါတယ်။

ဒီဆော့ဖ်ဝဲကတော့ အဓိက ဟားခါး၊ ဖလမ်း၊ တီးတိန်လို့ ကွဲနေတဲ့ ချင်း လူမျိုးစုတွေထဲက တီးတိန်လို့ လူသိများ တဲ့ ဇိုမီးလူမျိုးစုတွေရဲ့ ဘာသာစကားနဲ့ တီထွင်ထားတာဖြစ်ပြီး သူငယ်တန်းမှ စတုတ္ထတန်းအထိ ဖတ်စာအုပ်အတိုင်း သင်ခန်းစာများ ပါဝင်ပါတယ်။

စိတ်ဝင်စား သူတွေကတော့ ဖုန်း-၀၉၅၀၀၆၁၃၁၅ ကို ဆက်သွယ်နိုင်ပါတယ်။

ချင်းစာကတော့ Roman Alphabet တွေကို အသုံးပြုထားတာဖြစ်ပြီး ၁၈၉၉ ခုနှစ် အမေရိကန်နိုင်ငံမှ ခရစ်ယာန်သာသနာပြုများ ချင်းပြည်နယ်ကို လာရောက်ခဲ့စဉ် တီထွင်ပေးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

Thursday, August 2, 2012

အင်္ဂလိပ် အသံထွက်လေး

ဟွဏ်းဘီးလ် (နေမင်းမောင် )။    ။ ဒါလေးကတော့ ကျွန်တော်သဘောအကျဆုံးထဲမှာ ပါတယ်လို့ပြောရမှာပေါ့ဗျာ။ ကျွန်တော်အရှေ့ပိုင်းမှာ အင်္ဂလိပ်အသံထွက်နဲ့ ပတ်သတ်ပြီးတော့ Software လေးတွေတင်ပေးခဲ့တာတွေရှိပါတယ်။ ဒါလေးကလည်း အကောင်းဆုံးတွေထဲက အကောင်းဆုံးတစ်ခုလို့ပြောလို့ရပါတယ်။ ဖိုင်ဆိုဒ်ကလည်း နည်းနည်းလေးနဲ့ ကျွန်တော်တို့မသိနိုင်တဲ့အင်္ဂလိပ်အသံထွက်လေးတွေကိုပါ ထည့်သွင်းနားထောင်နိုင်ပါပြီ။

ကျွန်တော်တို့ ဒီကောင်လေးက Tools လေးတွေက ကျွန်တော်တို့ရဲ့ Microsoft Office , IE , Firefox , Outlook စသည်ဖြင့်ပေါ့ဗျာ။ အားလုံးကို Tools လေးတွေသွင်းပေးပါတယ်။ ကျွန်တော်အောက်မှာလည်း ပုံလေးနဲ့ထပ်ပြပေးထားပါတယ်။ အသံထွက်ကို တစ်ကူးတစ်က သွားပြီး ထည့်နားထောင်စရာမလိုပဲနဲ့ Plug in လေးသွင်းထားပေးလိုက်ရင်ကိုပဲ ကျွန်တော်တို့ ချက်ချင်းအသံထွက်ကိုနားထောင်နိုင်ပါပြီ.။ Full version လေးဖြစ်အောင်လည်း Keygen လေးပါထည့်ပေးထားပါတယ်။ အောက်မှာဆက်ကြည့်ရအောင်ဗျာ။
ဒါလေးကတော့ ကျွန်တော် Full Version လေးဖြစ်အောင် Keygen လေးထည့်သွင်းထားတဲ့ပုံလေးပါ။ ဆက်ကြည့်ရအောင်ဗျာ။
အောက်ကတော့ ကျွန်တော် Microsoft Office မှာ Plugin လေးသွင်းထားပုံပါ။ ထွေထွေထူးထူးရှာပြီးသွင်းစရာတော့မလိုပါဘူး။ ကျွန်တော်တို့ Install လုပ်တဲ့ အချိန်မှာပဲ ကျွန်တော်တို့ အသုံးပြုလိုတဲ့ ကောင်လေးတွေကို ရွေးပေးလိုက်ရုံပါပဲ။
ဒီလောက်ဆိုရင်တော့ ကျွန်တော်တို့ အဆင်ပြေမယ်လို့ထင်ပါတယ်။ ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေး ထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ။.။
TextAloud 3.0.44
အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ..။

Thursday, July 26, 2012

OS X Mountain Lion ကို Apple စတင် ဖြန့်ချိ

ဟွဏ်းဘီးလ် (BBC) ။     ။ နာမည်ကျော် အမေရိကန် ကွန်ပြူတာ ကုမ္ပဏီကြီး ဖြစ်သည့် Apple မှာ ၎င်းတို့၏ ကွန်ပြူတာများတွင် သုံးသည့် Mac operation OS ဆော့ဖ်ဝဲသစ် တစ်မျိုးဖြစ်သော OS X Mountain Lion ကို ဗုဒ္ဓဟူး နေ့တွင် စတင် ဖြန့်ချိလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန် ပြောကြားလိုက်ပြီ ဖြစ်သည်။

ယခုလို အသစ် ဖြန့်ချိလိုက်သည့် ဆော့ဖ်ဝဲတွင် လူမှုကွန်ရက် ဝက်ဆိုက်များ အတွင်း အချက်အလက်များ ဝေမျှမှုကို ပိုမို မြန်ဆန်စေ လွယ်ကူစေမည် ဖြစ်ကာ သတိပေး ချက်များ ပြုလုပ်ပေးနိုင်သည့် panel တစ်ခုကိုလည်း စတင် မိတ်ဆက်ထားကြောင်း သိရသည်။ ယခု သတင်းကို ကုမ္ပဏီ၏ တတိယ သုံးလပတ် ဝင်ငွေ စာရင်း ကြေညာ အပြီးတွင် ထုတ်ပြန် ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

ယခုနှစ် အတွက် Mac ၏ ရောင်းအားမှာ ၂ ရာနှုန်း မြင့်တက်ခဲ့သော်လည်း ဆန်းစစ်သူများ ခန့်မှန်းထားသည့် ပမာဏထက် များစွာ လျော့ကျခဲ့ရကြောင်း သိရသည်။ ထို့အပြင် Apple ၏ ရှယ်ယာများမှာလည်း wall Street စတော့ ဈေးကွက်တွင် ၅ % လျော့ကျခဲ့ရကြောင်း သိရသည်။

Sunday, July 15, 2012

ကွန်ပျူတာဖြင့် ဂီတကို ဖန်တီးခြင်း သို့မဟုတ် Music Maker

ဟွဏ်းဘီးလ် (Net Guide)။     ။  ဂီတဖန်တီးမှုနဲ့ ပတ်သက်တဲ့ Software တွေ အတော်များများ ထုတ်လုပ်လာကြတဲ့ အထဲမှာ Magix Music Maker ဆိုတဲ့ Software အကြောင်း အသေးစိတ် ပြုစုတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။

Magix Music Maker Software ဟာ ဂီတဝါသနာရှင်များ၊ ကွန်ပျူတာဖြင့် ဂီတကိုဖန်တီးသူ ဂီတပညာရှင်များအတွက် အလွန် စိတ်ဝင်စားစရာကောင်းပြီး ဒီ software ဟာ ခေတ်မီ multimedia သုံး software ဖြစ်သလို ဂီတတွေကိုလည်း အလွယ်တကူ ဖန်တီးပြုလုပ်နိုင်တဲ့ software လည်း ဖြစ်ပါတယ်။

စာဖတ်သူ ဖန်တီးချင်တဲ့ ဖန်တီးလိုတဲ့ အချစ်သီချင်းတွေ၊ အမြူးအကြွတွေ ဒါမှမဟုတ် အလွမ်းအဆွေးတွေ၊ Hip Hop ဂီတမျိုးတွေကအစ Rock သီချင်းတွေအဆုံး သီချင်းအမျိုးအစား စုံလင်စွာ ခေတ်မီဂီတသံတွေနဲ့ ဖန်တီးနိုင်ပါတယ်။ ပြီးတော့ ပိုပြီး စိတ်ဝင်စားစရာ အချက်က ဒီ software ကို ဖန်တီးသူရဲ့ ဂီတစွမ်းရည်ပေါ်မှာ မူတည်ပြီး စိတ်ကြိုက် ဖန်တီးပေးနိုင်ပါတယ်။ စာအုပ်မှာ အခန်း ၈ ခန်းပါဝင်ပြီး Magix Music Maker အား ကွန်ပျူတာမှာ ထည့်သွင်းခြင်း၊ Music Maker 15 ၏ Application windodw, Edit Menu, Effects, View Menu, Menu Bar ပေါ်ရှိ အလွယ်တကူ လုပ်ဆောင်နိုင်သည့် Command များ၊ တေးသွားတစ်ခုကို လက်တွေ့ဖန်တီးခြင်း၊ ကွန်ပျူတာ Keyboard နဲ့ တေးသီချင်းများကို တီးခတ်ခြင်း စသဖြင့် အခန်းစဉ်အလိုက် အသုံးပြုပုံ အဆင့်ဆင့်ကို ပုံများနဲ့တကွ ရှင်းလင်း တင်ပြထားပါတယ်။

MiDi Editor လို့ ခေါ်တဲ့နေရာမှာ တေးသွားတွေ သံစဉ်တွေကို အဆင့်မြင့်မြင့် ဖန်တီးနိုင်သလိုသူ အဆင်သင့် ပေးထားတဲ့ ဂီတသံစဉ်တွေပေါ်မှာလည်း အမျိုးမျိုး ပြုပြင်ပြောင်းလဲပြီး ကိုယ်ပိုင်သံစဉ်အဖြစ် ကိုယ်ပိုင်သီချင်းအဖြစ် ဖန်တီးပစ်နိုင်ပါတယ်။ ပြီးတော့ စိတ်ဝင်စားစရာ တစ်ခုက MP3 File သို့မဟုတ် wave file နဲ့ အဆင်သင့်ရှိပြီးသား မိတ်ဆွေရဲ့ ကွန်ပျူတာထဲက သီချင်းအမျိုးအစား အမျိုးမျိုးကို ဒီထဲထည့်ပြီး Remix လုပ်လို့လည်း ရပါတယ်။

ဒါ့အပြင် မိမိတို့မှာရှိတဲ့ သီချင်းတွေကို စိတ်ကြိုက် အသံပြန်ချိန်တာ (Oyrm Instument Editor) လိုဟာမျိုးနဲ့ အဆိုတော်ရဲ့အသံကို တယ်လီဖုန်းထဲက အသံမျိုး ဒါမှမဟုတ် ပဲ့တင်သံမျိုး စတာတွေ ပြောင်းလဲပစ်လိုက်တာမျိုးတွေ လုပ်နိုင်ပါတယ်။ “ဒီ software လေးရဲ့ လုပ်ဆောင်နိုင်မှုဟာ file သေးသေးလေးနဲ့ အရမ်းစွမ်းဆောင်နိုင်နေတယ် ဆိုတာတော့ လေ့လာရင်းနဲ့ ပိုသိလာပါလိမ့်မယ်” လို့ စာရေးသူက စာအုပ်အမှာမှာ ရေးသား တင်ပြထားပါတယ်။ ကွန်ပျူတာဖြင့် ဂီတကို ဖန်တီးလိုသူ ဂီတဝါသနာရှင်များအတွက် မနောဖြူစာပေမှ အုပ်ရေ (၅၀၀)၊ တန်ဖိုး - ၃၅၀၀ ကျပ်နဲ့ ဖြန့်ချိပါတယ်။

Wednesday, June 27, 2012

Surface tablet ကို Microsoft ပွဲထုတ်မိတ်ဆက်

27 Jun 2012 | By-နောင်နောင်

ဟွဏ်းဘီးလ်။       ။ Apple iPad ကိုယှဉ်ပြိုင်နိုင်မည့် အရေးပါသော နည်းလမ်းပြောင်းလဲမှုတစ်ရပ်ဖြစ်ပြီး အိုမင်းနေသည့် Windows ထုတ်ကုန်များကို ပြန်လည်တီထွင် ဆန်းသစ်ထားသည့်အနေဖြင့် Microsoft ကုမ္ပဏီက ကိုယ်ပိုင် tablet ကွန်ပျူတာများကို လော့စ်အိန်ဂျလိစ်မြို့တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပွဲထုတ်မိတ်ဆက်ပေးခဲ့ကြောင်းသိရသည်။

Surface ဟုခေါ်ဆိုသည့် အဆိုပါ tablet သစ်များတွင် Windows 8 operating system သစ်ကိုအသုံးပြုထားပြီး device ၏အဖုံးအဖြစ် အသုံးပြုနိုင်မည့် အထူ ၃ မီလီမီတာရှိသည့် Touch Cover ကို full touch-screen keyboard အနေဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

ထို့အပြင် Type Cover ဟုခေါ်သည့် built-in touch pad ပါဝင်ပြီးအထူ ၅ မီလီမီတာရှိသည့် အဖုံးကိုလည်း ရွေးချယ်ဝယ်ယူနိုင်ပြီး built-in accelerometer ပါဝင်သည့်အတွက် ၎င်း keyboard ကိုမှောက်လိုက်သည့်အခါတွင် keyboard ပါဝါကိုပိတ်ပေးမည်ဖြစ်သည်။ Surface tablet ကို ARM အခြေခံ ပရိုဆက်ဆာများပေါ်တွင်သုံးနိုင်မည့် Windows RT operating system အသုံးပြုဗားရှင်းနှင့် Intel ၏ x86 CPU platform ပေါ်တွင်သုံးနိုင်မည့် Windows 8 Pro ဗားရှင်းဟူ၍ နှစ်မျိုးထုတ်လုပ်မည်ဖြစ်သည်။

Surface တွင်အသုံးပြုထားသည့် ၁၀.၆ လက်မ touch screen သည် ၁၀.၁ လက်မသာရှိသည့် Apple iPad နှင့် Samsung Galaxy Tab 2 တို့ထက်ကြီးမားပြီး display resolution ကိုထုတ်ဖော်ကြေညာထားခြင်းမရှိသေးသော်လည်း ၁၆:၉ အချိုးဖြင့် ဖော်ပြပေးနိုင်ကြောင်း Microsoft မှ အတည်ပြုပြောကြားထားသည်။ CPU အနေဖြင့် Windows RT အသုံးပြုထားသည့် Surface tablet ကို Nvidia ARM CPU နှင့်အသုံးပြုနိုင်ပြီး Windows 8 Pro အသုံးပြုထားသည့် Surface tablet ကိုတတိယမျိုးဆက် Ivy Bridge Core i5 quad-core ချစ်ပ်နှင့် အသုံးပြုနိုင်မည်ဖြစ်သည်။

Surface ၏ကွန်ရက်ချိတ်ဆက်မှုနှင့်ပတ်သက်ပြီး Microsoft မှထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသေး သော်လည်း wireless နှင့် cellular data connection များအတွက် MIMO (multiple input/multiple output) antenna များကိုထောက်ပံ့ပေးထားကြောင်း သိရသည်။ ဈေးနှုန်းအချက်အလက်များကိုမူ ထုတ်ကုန်ကိုရောင်းချခါနီးတွင် ကြေညာမည်ဖြစ်ကြောင်း Microsoft မှပြောကြားခဲ့သည်။
Ref: CNET/Reuters

Friday, June 15, 2012

Window 8 Client စာမေးပွဲသစ်ကို အခမဲ့ဖြေဆိုခွင့် ရရှိမည်

14 Jun 2012  | By Net Guide
ဟွဏ်းဘီးလ်။    ။ Microsoft ၏ နောက်ဆုံး ထွက်ရှိ သည့် Window 8 Client အတွက် စာမေးပွဲသစ်ကို
အခမဲ့ဖြေဆိုနိုင် ရန်Myanmar Knowledge မှ စီစဉ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။ Client Operating System  ဖြစ်သည့် Windows 8 မှာ ယခု ဇွန်လမကုန်မီပေါ်ထွက် လာတော့မည် ဖြစ်ပြီး ယင်းစာမေးပွဲကို အခမဲ့ဖြေဆိုလိုသူများအနေဖြင့် ယခင်Window 7 Professional စာမေးပွဲ ၃ ခုစလုံး အား ငွေအပြည့်သွင်းကာ ဖြေဆို အောင်မြင်ထားရန် လိုအပ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် MCTS 70-680, Enterprise Desktop Adminstrator MCITP 70-686  နှင့် နEnterprise Desktop Technician MCITP 70-685 တို့ကိုယခုလအတွင်း ဖြေဆိုမည့်သူများမှာ Window 8 Client  စာမေးပွဲကိုအခမဲ့ဖြေဆိုခွင့် ရရှိမည် ဖြစ်သည်။

Window 8 စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးပါက ပေါင်းကူး စာမေးပွဲအဖြစ် 70-417 ကို ထပ်မံဖြေဆို၍ MCSA Window Server 2012  အောင်လက်မှတ်ကို ရယူပြီး အဆင့်မြှင့်တင်နိုင်မည်ဖြစ်ရာ Microsoft ၏Expert  အဆင့် အောင် လက်မှတ် MCSE  ရရှိသည်အထိ ဆက်လက်ဖြေဆိုခွင့်များ ရရှိမည် ဖြစ်ကြောင်း သိရသည်။

Saturday, April 28, 2012

Software တွေ Download လုပ်နိုင်တဲ့ Website

27 Apr 2012  | By Net Guide
ဘယ် Software Company ကမဆို အသစ် ထွင်လိုက်တာနဲ့ Softpedia မှာ ရှိပြီးသားပါ။ Download လုပ်ရမှာလည်း သန့်ရှင်းပါတယ်။ Original Link တွေနဲ့ အဆင်မပြေရင် Mirror တွေလည်း ရှိပါတယ်။
Software Company အများစုက 100% သန့်ရှင်းစိတ်ချစွာ Download လုပ်လို့ရတယ်လို့ Comment တွေပေးထားပါတယ်။ Member အဖြစ် register လုပ်ပြီး ရင်sing in ဆိုတာနဲ့ Download Basket လေးပေးထားပါတယ်။ Antivirus Software တွေရဲ့ Update Defination တွေကို စုံလင်စွာရရှိနိုင်ပါတယ်။

အလွန်ဆုံး Software တစ်ခုရဲ့ နာမည် သာသိပြီး Download လုပ်ဖို့ Website မသိရင် Softpedia ကိုသာ ဝင်ရှာလိုက်ပါ။ OK သွား မယ်။ Window အတွက်သာမက Mac, Linux နဲ့ Handset တွေအတွက်လည်း supporting ပေးပါတယ်။
www.softpedia.com

Sunday, April 22, 2012

အကောင်းဆုံးအခမဲ့ IPhone Apps ၂၅ ခု

Apps မစုံတဲ့ iPhone ဟာ ရည်းစားမရှိတဲ့ အပျိုကြီးနဲ့ တူတယ်လို့ ကျွန်တော်တို့ သူငယ်ချင်း တွေ ပြောင်တတ် နောက်တတ်ကြပါတယ်။

ဟုတ်တယ်လေ၊ Smart Phone ရဲ့ ရည်ရွယ်ချက်ကိုက အဲဒီလို (Extended Functionalities) အဆုံးမရှိတဲ့ Idea အသစ်တွေ  တိုးချင်သလောက် တိုးလာနိုင်အောင်  ပို အသုံးတည့်လာအောင် ကြိုးစားလုပ်ထားကြတာ၊ APPS တွေ ဘာမှ ထပ်မတိုး၊ အသုံးမချတတ်ရင် သာမာန်ရိုးရိုး ဖုန်းနဲ့ ဘာထူးတော့မှာလဲ။ ဘာလို့ ငွေ ပိုပေးနေမှာလဲ။

တစ်ချို့ကြတော့လဲ Apps တွေ Download လုပ်ရင် ငွေတွေ တအား ထပ်တောင်းနေမှာပဲ လို့ တွေးပြီး ဘာမှ ထပ် မကလိ တော့တာလဲ ပါမှာပေါ့။ တကယ်တမ်းတော့ Apple ရဲ့ App Store မှာ  Free App တွေ အများကြီးပါ။ ငွေပေးရတဲ့ App အများစုကလဲ $1 လောက်ပဲ ပေးရပါတယ်။

Apple  ကနေရောင်းတဲ့ App တွေက iPhone နဲ့ iPad ပေါ်မှာရှိတဲ့   App Store ကနေ တစ်ဆင့်ပဲ Download လုပ်လို့ ရပါတယ်။ Computer ပေါ်ကဆိုရင်တော့ iTune ကနေတစ်ဆင့် Download လုပ်ရပါတယ်။ ပြီးမှ USB နဲ့ ဖုန်းကိုသွယ်ပြီး Sync လုပ်ရပါတယ်။ အဲဒီ အလေ့အကျင့်လုပ်တာ ပိုကောင်းပါတယ်။ ဖုန်းနဲ့ Computer နဲ့ သွယ်လိုက်တိုင်း iTune က အလိုအလျောက် (Back-Up) ကိုယ့်ရဲ့ ဖုန်းထဲက DATA, Contacts, Music နဲ့ Apps တွေ အကုန် သိမ်းပေးပါတယ်။ ဖုန်းပျောက်သွားတာ၊ ပျက်သွားတာ ရှိခဲ့ရင် iPhone အသစ်ထဲ ပြန်ပြောင်းထည့်လို့ ရတာပေါ့။

အခု ကျွန်တော် ဒီစာရေးနေတဲ့ အချိန်မှာ APPLE ရဲ့ APP STORE မှာ App ပေါင်း ၅ သိန်းကျော် ရှိနေပါပြီ။ အဲဒီထဲမှာ ဘယ်ဟာက ကောင်းပြီး ဘယ်ဟာက မကောင်းဘူးလဲ၊ ဘယ်ဟာက အသုံးတည့်လဲ ထိုင်ရွေးရင် နှစ်ချီပြီး ကြာသွားနိုင် ပါတယ်။ ကျွန်တော် သုံးဖူးခဲ့တာတွေ ထဲက ရှိထားသင့်တယ်လို့ ယူဆတဲ့ Free Apps ၂၅ ခုကို ရွေးပေးချင်ပါတယ်။

1. Myanmar Browser Lite
Online ပေါ်မှာ ဗမာစာဖတ်ချင်တဲ့ ကျွန်တော်တို့ တွေ မရှိမဖြစ် လိုအပ်တဲ့ Browser တစ်ခုပါ။ ဒီ Lite Version က အလကားဖြစ်ပြီး 99 cent ပေးရင် စာရေးလို့ရတဲ့ Keyboard Function ပိုလာပါတယ်။
2. Dolphin Browser
iPhone Safari ထက် ကျွန်တော် ပိုကြိုက်ပါတယ်။ Mode, Private Browsing, Multi-Gesture အကုန် ပါဝင်ပါတယ်။ Push Menu Layout ကလဲ အများကြီး အသုံးကျပါတယ်။ Bookmark လုပ်ရ တာလဲ လွယ်ကူပါတယ်။
3. Facebook
iPhone ၀ယ်ပြီ ဆိုကတည်းက ဒီဟာကို မရမက ရှာကြတော့မယ်ဆိုတာ သိပါတယ်။ မတွေ့ရင် လူတကာကို အသည်းအသန် မေးတော့မှာ၊  ဒီအတွက် ထပ်ရှင်းပြနေဖို့ မလိုတော့ဘူး ထင်ပါတယ်။
4. Vtok
G-Talk, Google Video, Voice, Chat အားလုံး  သုံးလို့ရပါတယ်။ Account အများကြီးရှိလဲ တစ်ပြိုင်နက်ထဲ သုံးလို့ ရပါတယ်။ ဒီ Vtok မတိုင်ခင်က ကျွန်တော် Talkatone ဆိုတာ သုံးပါတယ်။ Talkatone က ပိုပြီး Stable ဖြစ်ပါတယ်။
5. Skype
ကျွန်တော့် အတွက်တော့ မရှိမဖြစ်ပါ။ မြန်မာပြည်ကို ရောက်လေရာ အရပ်ကနေ လှမ်းခေါ်လို့ လွယ်တဲ့ အတွက်ပါ။ Connection မြန်တဲ့ နိုင်ငံတွေနဲ့ ပြောရင် Video/Sound Quality က အကောင်းဆုံးပါပဲ။
6. Emojination
ဒီ App ကလေး ရောက်လာတာ သိပ်မကြာသေးဘူး။ အရင် ဒီလိုကောင်းတဲ့ဟာ ဆိုရင် ငွေပေးရတယ်။ iOS 5 တော့ အနည်းဆုံး လိုအပ်တယ်။ Text Message များများ သုံးတဲ့ သူတွေ သဘောကျမှာပါ။
7. EverNote
ဒီလိုမျိုး Note မှတ်တဲ့ APP အမျိုးအစားထဲမှာ ဒီလောက်ကောင်းတဲ့ APP မတွေ့သေးပါဘူး။  ဓါတ်ပုံတွေ၊ အသံတွေ မှတ်ချင်တာမှတ်၊ ရှာချင်တာရှာ၊ ပြီးရင် Save လုပ်ထားတာကို ကိုယ့် PC, iPad, iPhone အကုန်လုံးကို Account တစ်ခုဖွင့်ပြီး Sync လုပ်လို့ ရပါတယ်။
8. Drop Box
Free Cloud Service (Online Storage) ဖြစ်ပါတယ်။ အသုံးများမယ့် Doc, Pictures, Files တွေ သိမ်းထားနိုင်ပါတယ်။ ပြီးရင် Connection ရှိတဲ့ နေရာကနေ လိုသလို ပြန်ယူ အသုံးချလို့ရပါတယ်။  Password  ကောင်းကောင်း လုပ်ထားဖို့တော့ လိုမယ်ထင်ပါတယ်။
9. Instagram
Photo Editor ပါ။  ဓါတ်ပုံတွေနဲ့ ပတ်သက်ပြီး effect ထည့်ချင်တာ ပြင်ချင်တာတွေ  အားလုံး လုပ်လို့ ရပါတယ်။ Adobe Photoshop Express App  လည်း ရှိထားရင် ကောင်းပါတယ်။
10. Angry Birds
ကျွန်တော် Game ကစားခဲပါတယ်။ အလကား အချိန်ကုန်တယ် ထင်လို့ပါ။ Angry Birds လူပြော များလွန်းလို့ ကစားကြည့်လိုက်တာ battery ကုန်မှ ရပ်သွားပါတယ်။ iOS နိမ့်တဲ့ စက်တွေမှာ Lite version ကို သုံးပါ။
11. Slice it
နောက်တစ်ခု၊  သူ့ Slogan ကိုက “Once you slice it, you can’t stop”. အဲဒါ အမှန်ပါပဲ။ Free Version  မှာ ကြော်ငြာတွေ ၀င် ၀င်ရှုပ်တာတော့ စိတ်ပျက်စရာကောင်းပါတယ်။
12. Texas Poker
ဒါကတော့ ဘော်ဒါတွေ အကြိုက်ပါပဲ။ iPhone ပထမဆုံး စ သုံးခါစက ပထမဆုံး Download လုပ် ကစားခဲ့တဲ့ App ပါ။
13. Yelp
Online Directory အဖြစ် အစ ကတည်းက နာမည်ကြီးပါတယ်။ Mobile Version က အရမ်း ကောင်းပါတယ်။ ကိုယ်ရောက်နေတဲ့ နေရာ ပတ်ဝန်းကျင် စားသောက်ဆိုင်၊ ဓါတ်ဆီဆိုင်၊ ဟိုတယ် စတာတွေကို ဓါတ်ပုံတွေနဲ့ တကွ အကုန် အလွယ်တကူ ရှာပေးနိုင်သလို Customer rating  တွေလဲ ဖေါ်ပြပေးပါတယ်။ အကွာအဝေး၊  ဖုန်းနံပတ် အကုန်ပြည့်စုံအောင် လုပ်ထားပါတယ်။
14. Netflix
ဒါကတော့ တော်တော်များများ သိထားကြပြီးသားပါ။ (Online Video Rental) Netflix account ရှိတဲ့ သူတွေ အတွက် အဆင်ပြေပါတယ်။ အထူးသတိထားရမှာက ကိုယ့်ရဲ့ Data Plan က နည်းတယ် ဆိုရင်တော့  ယောင်လို့တောင် မထိမိပါစေနဲ့။ Wi-Fi နဲ့ သုံးရင်တော့ ကိစ္စမရှိပါဘူး။
15. Slacker radio
Free Account တစ်ခုဖွင့်ပြီး  မိမိစိတ်ကြိုက် Radio Station တစ်ခု လုပ်နိုင်ပါတယ်။ Rock သီချင်းတွေ သီးသန့်လား၊ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ အဆိုတော်တွေချည်းလား၊ Mix လား၊ Random လား၊  High Quality Streaming Service တစ်ခုပါ။ Pandora App  လည်းကောင်းပါတယ်။ ဒါပေမယ့် Slacker က ကြော်ငြာပိုနည်းပါတယ်။ ဒီ App ကို ရပြီးကတည်းက ကားမောင်းရင်း ရိုးရိုး Radio နားမထောင် ဖြစ်တော့ပါဘူး။ FM or Bluetooth Transmitter တစ်ခုဝယ်ပြီး ကားထဲမှာ သုံးလို့ ရပါတယ်။
16. red Laser
Bar Code, QR Code အကုန်ဖတ်ပါတယ်။ ဈေးနှုံးတွေ ရှာပေးတယ်။ ဘယ်မှာ ရနိုင်လဲ ရှာပေးတယ်။ အသုံးအရမ်း တည့်ပါတယ်။ ဥပမာ BestBuy ထဲမှာ ပစ္စည်းဝယ်ရင် ၀ယ်ချင်တဲ့ ပစ္စည်းကို Scan  လုပ်ပြီး အသက်သာဆုံး နေရာကိုရှာပါ။ ပြီးရင်  Saleman ကို ပြလိုက်ပါ။ Price Match လုပ် ပေးပါလိမ့်မယ်။ ကျွန်တော်မလုပ်ခဲ့ပါဘူး လုပ်ဖူးတဲ့ သူဆီက ကြားတာပါ။ pretty good. huh!
17. Navigator X
Android သမားတွေ ကတော့ ဒီတစ်ခု သာတယ်။ အဲဒီမှာ Perfect Navigation System  ပါပြီးသား။ iPhone ကတော့ မြေပုံပဲ ပါတယ်။ Navigator တွေက ငွေပေးဝယ်မှ ရတယ်။ ဒီ  Navigator X  ကတော့ လောလောဆယ်  free ပါ။  သိပ် အကောင်းချည်းတော့ မဟုတ်ဘူး။ $2 ပေးဝယ်ရင်တော့  Motion X လို့ ခေါ်တဲ့ App  က ကောင်းပါတယ်။ အရင်  Skobbler  အလကားရလို့ သုံးဖူးပါတယ်။ ကောင်းပါတယ်။ ဒါပေမယ့် အခု အလကား မရတော့ပါဘူး။
18. Converter Plus
မရှိမဖြစ် Utility Tool  ဖြစ်ပါတယ်။ အပူချိန်၊ အလေးချိန်၊ အကွာအဝေး၊ ငွေကြေး လဲလှယ်နှုံး အကုန် ရပါတယ်။ သူ့ရဲ့  App Design  က သန့်ပါတယ်။  အကြံပေးရရင်  99 cent  ပေးပြီး  AppBox Pro ဆိုတာ ၀ယ်သုံးကြည့်ပါ။ အဲဒါကတော့ All-in-one Utility ပါ။  အကောင်းဆုံးလို့ ထင်ပါတယ်။
19. Airport Utility
ဒါကတော့ Intermediate user  တွေ အတွက်ပါ။ တအား အသုံးဝင်ပါတယ်။ အိမ်က၊ ရုံးက  Wi-Fi Network ကို စီမံခန့်ခွဲချင်ရင် ဒီ  Utility  က မရှိမဖြစ်ပါ။ သူ့ရဲ့  Graphic Interface  က ပိုမို လွယ်ကူ စေပါတယ်။
20. Shazam
ဒီ  APP  ကတော့ Top Ten App  ထဲမှာ  ထည့်ထားသင့်ပါတယ်။  ကြားတဲ့ သီချင်း  ဘယ်သူ  ဆိုတာလည်း၊  သီချင်း နာမည် ဘာလဲ၊  စာသားက ဘယ်လိုလဲ  သိချင်ရင်  ဒီ  APP  ဖွင့်ပြီး  သီချင်းသံနား ၁၀ စက္ကန့်လောက် ကပ်လိုက်ပါ။  အတိအကျ သိရပါလိမ့်မယ်။  Youtube Link  လဲ ပေးပါလိမ့်မယ်။  Android  မှာဆိုရင်  Download  လုပ်ဖို့   Link  တောင် ရှာပေးပါတယ်။
21. Wikipedia Mobile
ဒီ ဟာကတော့ အထူးပြောနေစရာတော့ မရှိပါဘူး၊ ကျောင်းသူကျောင်းသားတွေ အတွက်  မရှိ မဖြစ်ပေါ့။ သာမာန် User တွေ အတွက် လည်း အများကြီး အသုံးတည့်ပါတယ်။
22. Epicurious
Recipe App တစ်ခု၊  ဒါကတော့ ကျွန်တော်နဲ့ မဆိုင်ပါဘူး၊ ပတ်ဝန်ကျင်က ဟင်းချက် ၀ါသနာ ပါသူတွေ ပြောကြလွန်းလို့ပါ။ ကိုရီးယား အစားအစာ ချက်ကြည့်ချင်ရင်တော့  YummyCook Recipes  မှာ ကြည့်ပါ။
23. Web MD
ရုတ်တရက် ဆိုရင် ကိုယ့် အတွက် အသုံးမ၀င်သလို ရှိပေမယ့် အရေးကြုံလာရင်  ဘယ်လောက် အသုံးတည့် သလဲဆိုတာ  Download  လုပ်တားတဲ့  သူတွေက  အာမခံပေးပါလိမ့်မယ်။  ရောဂါ အသေးအမွှား၊ အခြေအနေ၊ ဆောင်ရန် ရှောင်ရန်၊  အရေးပေါ် အသက် ကယ်နည်း အများကြီး တွေ့နိုင်ပါတယ်။ ဒေါကိတာ ရမ်းကုတွေ ရန်ကလဲ ရှောင်ဖို့ Idea ရနိုင်ပါတယ်။
24. BBC News
News App တွေ ထဲမှာ BBC News  က တော်တော် ကောင်းပါတယ်။  Asia  ဖက်က သတင်းတွေ ပိုစုံပါတယ်။  အသုံးပြုရတာ လွယ်ကူပြီး ရှင်းပါတယ်။  Flash  နဲ့ လုပ်ထားတဲ့  Soccer Video  တွေတော့  iPhone  နဲ့ ကြည့်လို့ မရတာ တော်တော် စိတ်ညစ်ဖို့ ကောင်းပါတယ်။ ဒါကလဲ  BBC  အပြစ်တော့ မဟုတ်ပါဘူး။  Apple  ရဲ့ Adobe Flash  ကို ပိတ်ပင်ထားတဲ့ ခေါင်းမာ မှုကြောင့်ပါ။
25. ESPN Score Center
ဒါကတော့  Sport  ကြိုက်တဲ့ သူတွေ အတွက် ရှိကို ရှိမှ ဖြစ်မယ့်  APP  ပါ။  တစ်ကမ္ဘာလုံးက  Score Result  တွေ Live  တိုက်ရိုက် သိနိုင်ပါတယ်။  Highlight Video  တွေလဲ အများကြီးပါ။ Design လုပ်ထားတာ ကောင်းပြီး  Loading  လဲ မြန်ပါတယ်။

အခုလောက်ဆို အသုံးတည့်မယ့် APP  တစ်ချို့ ရှိပြီဆိုတော့ iPhone က ပိုပြီး အသုံးတည့်လာမှာပါ၊ ကျန်တာတွေကတော့ ကိုယ် ၀ါသနာပါရာ၊ ကိုယ်စိတ်ဝင်စားတာနဲ့ သင့်တော်တဲ့ APP တွေ ရှာပြီး Download လုပ်ကြည့်ပါ။ တစ်ချို့  APP  တွေဆို  အံ့သြဖို့  ကောင်းလောက်အောင် ဆန်းကြယ်ပါတယ်။ ခေတ်ရှေ့ပြေးနေတဲ့  APP  တွေလဲ အများကြီးပါ။
တစ်ကယ်တမ်း  Android Phone တွေလောက်တော့ Features  တွေ မစုံတာ အမှန်ပါပဲ။ Flash ကြည့်လို့ မရတာတွေ၊  သီချင်းတွေ၊ ဗွီဒီယိုတွေ Bluetooth  ကတစ်ဆင့် ပြန် Share  လုပ်လို့ မရတာတွေ၊ Lock Screen, Wallpapers, Icons တွေကို စိတ်ကြိုက် လုပ်လို့မရသေးတာတွေ၊  Download  အလွယ်တကူ လုပ်လို့ မရတာတွေ၊ APP Download လုပ်ဖို့  Source  ကို အခြား ရွေးချယ်စရာ မရှိတာတွေ ၊ တစ်ခြားဟာတွေ အများကြီးပါ။  ဒါတွေ အားလုံးဟာ Apple က သူ့ Quality ထိမ်းချင်တာရယ်၊ Security issue  ရယ်၊ ရေရှည် ဈေးကွက် လက်ဝါးကြီး အုပ်ချင်တာတွေရယ် ကြောင့် ကန့်သတ်ထားတာပါ။ ပေးဝယ်နေတဲ့ သူတွေကလည်း ကျေကျေနပ်နပ် ပေးဝယ်နေတော့ အားလုံး  OK  နေတာပါပဲ။  iPhone  ကို  Jailbreak  လုပ်နိုင်ရင်တော့ တစ်ချို့  Apple  က ပိတ်ထားတာတွေ သုံးလို့ရပါတယ်။
iPhone without APPS 
Ref: U.N.O.B USA