Monday, May 21, 2012

ဩစတြေးလျရှိ ဇိုမီးလူမျိုးများက ဆန္ဒထုတ်ဖေါ်မည်

ဩစတြေးလျနိုင်ငံ၏ မြို့တော် ကန်ဘီလာရှိ မြန်မာသံရုံးရှေ့တွင် လာမည့် မေလ ၂၈ နေ့ရက်၌ ဩစတြေးလျ ဇိုမီးလူမျိုးများက ဆန္ဒပြပွဲတခု ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းဆန္ဒပြပွဲကျင်းပရခြင်း၏ အကြောင်းအရင်းသည် မြန်မာပြည်တွင် "ဇိုမီးလူမျိုးမရှိ" ဆိုသည့် အကြောင်းကိစ္စဖြစ်ကြောင့် ဩစတြေးလျရှိ ဇိုမီးအမျိုးသား တဦးက ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ  ဇိုမီးအမျိုးသားကွန်ကရက်ပါတီ (ZNC)၏ ပြန်လည် မှတ်ပုံတင်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မြန်မာနိုင်ငံတွင် ဇိုမီးအမျိုးသားဆိုတာ မရှိကြောင့် ပြောဆိုချက်အပေါ် မကျေနပ်၍ ယခုလို နိုင်ငံတကာသိအောင် ဆန္ဒထုတ်ဖေါ်မည်ဖြစ်ကြောင့် သိရသည်။

ZNC ပါတီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဇိုမီးအမျိုးသားကွန်ကရက်ပါတီ အမည်နဲ့ပဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်မြေ ၂ နေရာ အနိုင်ရရှိခဲ့တဲ့ပါတီ ဖြစ်ပါသည်။ ZNC ပါတီသည် ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဇိုမီးလူမျိုးများသည် မြန်မာပြည်ရှိ ချင်းလူမျိုးများသည် ဇိုမီးလူမျိုးများဖြစ်ကြောင့်၊ ချင်းဟူသောအသုံးနူန်းသည် ဗမာလူမျိုးများ၏ ခေါ်ဆိုခြင်းသာဖြစ်ကြောင့် ခံယူထားသူများဖြစ်ကြသည်။

မြန်မာပြည်တွင် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးရှိသည့်အနက် ၅၃ မျိုးသည် ချင်းလူမျိုးစုများဖြစ်ကြောင့် ပြန်ကြားရေးဝန်ကြီးဌာန၏ ၁၉၉၈ မေလထုတ် ယနေ့မြန်မာ စာအုပ်အရသိရသည်။

ချင်းလူမျိုးစုဖြစ်ကြသော ချင်း၊ မယ်တိုင် (ကသဲ)၊ ဆလိုင်း၊ ကလင်တော(လူရှေ)၊ ခမီ၊ အောဝခမီ၊ ခေါနိုး၊ ခေါင်စို၊ ခေါင်ဆိုင်ချင်း၊ ခွါဆင်းမဲ၊ ခွန်လီ (ခေါ်) ဆင်မ်၊ ဂန်ဘဲ၊ ဂွေးတဲ၊ ဇွန်း၊ ဆီတန်၊ ဆန်ထန်၊ ဆိုင်းထန်၊ ဇာတောင်၊ ဇိထုံး ဇိုထုံး၊ ဇိုဖေ၊ ဇို၊ ဇိုန်ညှပ်(ဇုန်နီယပ်)၊ တပေါင်၊ တီးတိန် (တဲဒင်မ်)၊ တေဇုန်၊ တိုင်းချွန်း၊ တာ့ဒိုး၊ တောရ်၊ ဒင်မ်၊ ဒိုင်(ယင်ဒူး)၊ နာဂ၊ တန်ဒူး၊ မာရင်၊ ပနမ်း၊ မကန်း၊ မဟူ၊ မီရမ် (ခေါ်) မရာ၊ မီအဲ၊ မွင်း၊ လူရှိုင်း (လူရှေ)၊ ဟွာလ်ငို၊ လေးမြို့၊ လင်တဲ၊ လောက်ထူ၊ လိုင်၊ လိုင်ဇို၊ ပါကင်းမ် (ခေါ်) မရို၊ ဟွာလ်ငို၊ အနူး၊ အနန်း၊ အူပူ၊ လျင်းတု၊ အရှိုချင်း (မြေပြန့်)၊ ရောင်ထု စသည်တို့ဖြစ်ကြောင့် သိရသည်။

1 comments: