ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ရိုးသားစွာ ဖြေဆိုသူ အထူး များပြား ဟုဆိုယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရိုးသားစွာဖြင့် ဝင်ရောက်ဖြေဆို ကြသူဦးရေမှာ အထူးများပြား ခဲ့ကြောင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကြီးကြပ်သူများနှင့် တာဝန်ရှိသူများက ဆိုသည်။
''ခိုးချပြီးဖြေတာတွေ လုံးဝကို မတွေ့ခဲ့ရဘူး။ အားလုံး အေးအေး ဆေးဆေးပဲ ကြိုးစားပြီး ဖြေဆိုကြ တာတွေကိုပဲ တွေ့ခဲ့ရတယ်'' ဟု ရန်ကုန်မြို့ရှိ စာမေးပွဲ အခန်းစောင့် ဆရာမတစ်ဦးက ပြောသည်။ ၁၉၉၉-၂ဝဝဝ ခုနှစ်ပိုင်း လောက်ကစကာမိတ္တူချုံ့၍ မသမာ သောနည်းလမ်းများဖြင့် စာမေးပွဲ ဖြေဆိုမှု များပြုခဲ့ သဖြင့်တာဝန်ရှိသူတို့ က စနစ်တကျ နှိမ်နင်း ကြပ်မတ်မှု ကြောင့်ခိုးချဖြေဆိုမှု မရှိသလောက် နည်းပါးသွား ခဲ့ခြင်းလည်းဖြစ်နိုင်သည် ဟုမြန်မာ့ပညာရေးစောင့်ကြည့် လေ့ လာနေသူအချို့ကသုံးသပ်ကြသည်။
ဒေါက်တာ ညီညီနိုင်က ''စာမေး ပွဲမှာ မသမာမှုတွေနဲ့ တစ်ပွဲ တိုးဖြေ တဲ့ ပုံစံမျိုးတွေ ပြုလုပ်လို့ မရတော့တာ ကို ကျောင်းသားတွေနားလည်သွား တာလည်းပါတယ်။ အခုခေတ်က တကယ်လည်း လုပ်မှ ရမယ့်ခေတ် လည်းဖြစ်နေတယ်''ဟု ပြောသည်။ ပညာရေး ဝန်ကြီးဌာနနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူး ပေါင်း ထိန်းချုပ် ကြပ်မတ်မှုကို နှစ် စဉ်ပြုလုပ်ခဲ့မှုကြောင့်လည်း ယခုနှစ် ကျောင်းသားများ မိတ္တူချုံ့မှုကိုပါ ရပ် တန့်သွားစေ ခဲ့သည်ဟု ၄င်းက ဆက်လက်ပြောသည်။ ''အခုနှစ် မိတ္တူဆိုင်တွေမှာ ကျောင်းသားတွေတိုးနေတာမျိုးတွေ မတွေ့ခဲ့ရဘူး။ အရင့်အရင်နှစ်တွေ တုန်းက တွေ့ခဲ့ရ တယ်။ နောက်ပြီး စပေါ့ ရိုက်တာတွေလည်း ဒီနှစ် တော် တော် နည်းသွားတယ်။ ဒါကမေးခွန်း လုံခြုံတာကြောင့် လည်းဖြစ်နိုင်တယ်။ အရင်က မေးခွန်း လိုက်ကြတယ်ဆို တာမျိုးက တကယ်ပေါက်လို့ တကယ်လိုက်တာ လည်းဖြစ်ကောင်း ဖြစ်နိုင်တယ်''ဟု ဒေါက်တာ ညီညီနိုင်က ထပ်မံဆိုသည်။
''ခိုးချပြီးဖြေဖို့ စိတ်ကူးကို နှစ်စ ကတည်းက ကလေးကို မကူးခိုင်းခဲ့ ဘူး။ ကြိုးစားပြီး ဖြေဖို့ပဲ တိုက် တွန်းခဲ့တယ်။ စဉ်းစားကြည့်လေ။ ကိုယ်ခိုးချမယ့် စာရွက်ကို တောင် ကြည့်၊ မြောက်ကြည့်ကြည့်ပြီး သူတစ်ပါး မသိအောင် ရေး ရတဲ့ဒုက္ခ ဘယ်လောက်ကြီးလဲ။ စာတစ်ပုဒ်ကို စဉ်းစားပြီး ဖြေတာ ထက်ကို အချိန် ကြာတယ်''ဟုစမ်းချောင်း မှကျောင်းသား မိဘတစ်ဦးက ပြောသည်။ ယခုနှစ်တွင် မတ်လ ၁၂ ရက် နေ့ မှ စတင်၍ တစ်နိုင်ငံလုံး ရှိ ကျောင်းသားများ အပါအဝင် နိုင်ငံ ခြားမှ ဝင်ရောက် ဖြေဆို သူများ အတွက် စာစစ်ဌာန ၁၂၆၈ ခု ဖွင့် လှစ်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာ မေးပွဲကို ဖြေဆိုစေခဲ့သည်။
Ref: Popular News
0 comments:
Post a Comment