Thursday, May 31, 2012

မေရိကတွင် ကားမှောက် မြန်မာ ၂ ဦးသေဆုံး

အမေရိကန်နိုင်ငံ Ohio County, Kentucky State တွင် ကားမတော်တဆတိမ်းမှောက်ခဲ့ရာ လူ ၂ ဦးသေဆုံးပြီး လူ ၆ ဦးမှာ ထိခိုက်ဒဏ်ရာ ကိုယ်စီရရှိခဲ့ကြောင့် တနင်္လာနေ့ထုတ် Eyewitness News တွင် ဖေါ်ပြထားသည်။

အခင်းဖြစ်ပွားရာတွင် ချင်းအမျိုးသား ထန်လျန်းမာန်း နှင့် တခြားတဦးတို့သည် ၎င်းနေရာ၌ ပွဲခြင်းသေဆုံးခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသော လူနာ ၆ ဦးသည် အခြားပြည်နယ်အသီးသီးရှိ ဆေးရုံ ၃ ခုတွင် ပို့ဆောင်ထားကြောင့် သိရသည်။




၎င်းကားတွင် စီးနှင်းလိုက်ပါလာသော လူ ၈ ဦးတို့သည် မြန်မာပြည်ရှိ ချင်း၊ မွန်၊ ရခိုင် လူမျိုးများဖြစ်ကြကြောင့် Chinlandguardian တွင် ဖေါ်ပြထားသည်။

သူတို့သည် မြန်မာပြည်သားတွေဖြစ်ကြတယ်။ သူတို့ အင်္ဂလိပ်လိုလည်း သိပ်မပြောတက်ကြပါဘူး။ ဟု Trooper Corey King ဆိုသူက ပြောသည်။

အခင်းဖြစ်ပွားရခြင်းအကြောင်းအရင်းသည် ယာဉ်မောင်းသူ အရက်မူး မောင်းနှင်ခြင်း၊ သေဆုံးသူ ၂ ဦးမှာမူ ကားခါးပါတ်မပါတ်ထားခြင်း စသည့်အချက်များကြောင့် ယခုလိုဖြစ်ရခြင်းဖြစ်မည်ဟု ဒေသခံရဲက ယူဆသည်။

0 comments:

Post a Comment