Thursday, May 24, 2012

အမေရိကတွင် ဇိုမီးကျောင်းသားတဦး ပညာရည်ချွန်ဆုရရှိ

မေလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော အမေရိက တနိုင်ငံလုံးအတိုင်းတာ ပညာရည်ချွန်ဆုဖြစ်သော President Education Award ကို ဇိုမီး ကျောင်းသားတဦးလည်း ပါဝင်ဆွတ်ခူးရရှိခဲ့ကြောင့် သိရသည်။

၎င်းပညာရည်ချွန်ဆုသည် Niagara Falls County နှင့် Erie County ရှိ နာမည်ကြီး အထက်တန်းကျောင်းပေါင်း ၈၄ ကျောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ တာန်ဂင့်ခေါဒါလ်ဇို လည်းပါဝင်ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

တာန်ဂင့်ခေါဒါလ်ဇိုသည် ချင်းပြည်နယ် တွန်းဇံမြို့နယ်ရှိ ဇိုမီးလူမျိုးဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် အမေရိက နယူးရောက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းနောက် သူသည် ၉ တန်းမှစတင် ပညာသင်ကြားခဲ့ပြီး သူ၏ ဥာဏ်ရည်ထက်မြတ်မှုကြောင့် အတန်းကျော်တက်၍ ၁၂ တန်း ပညာ ဆည်းဖူးခဲ့ရခြင်းဖြစ်သည်။

သူသည် ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးစားသူဖြစ်သည့်အလျှောက် ဇိုမီးမိသားစု အသိုင်းဝိုင်းရှိ လူငယ်များ၊ အခြားသူငယ်ချင်းများကို သူ၏ တတ်စွမ်းသည့်ပညာများ၊ ကွန်ပျူတာပညာများအား မျှဝေသင်ကြားပေးသူ တဦးလည်းဖြစ်ကြောင့် သိရသည်။

0 comments:

Post a Comment