23 May 2012|By Venus News Journal
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး၏နောက်ဆုံး အစီရင်ခံစာ အရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝကျွန်းသစ် တောများ ပိုင်ဆိုင် သည့် လက်ကျန် လေးနိုင်ငံအနက် အများဆုံးပိုင်ဆိုင် သည့် နိုင်ငံဖြစ်သည်။
သို့သော် လည်း အိန္ဒိယ၊ ထိုင်း၊ လာအိုနိုင်ငံ များတွင် ကျွန်းထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီး ကမ္ဘာ့ကျွန်းသစ် ၅၀ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားသည့် မြန် မာနိုင်ငံကမူ ကျွန်းသစ် ဆက်လက် ထုတ်နေသည်။
ကမ္ဘာ့သစ်တောများ လေ့လာ စောင့်ကြည့်နေသည့် Global Witness အဖွဲ့ကြီး၏ ၂၀ဝ၅ ခုနှစ်တွင်ထုတ်ဝေခဲ့သော အစီရင်ခံစာတွင် က ချင်ပြည်နယ်အတွင်းရှိ မြန်မာ သစ်များ တရုတ်နိုင်ငံသို့ အကြီး အကျယ်ခိုးထုတ်ခဲ့ပြီး မြန်မာ့သစ် တော ၁၈ ရာခိုင်နှုန်းမှာ ၁၉၉၀- ၂၀ဝ၅ အကြား ပျောက်ကွယ်သွား ကြောင်းဖော်ပြခဲ့သည်။
အစီရင်ခံစာ ထွက်အပြီး တရုတ်နိုင်ငံဘက်မှ တရားမဝင် သစ် တင်သွင်းမှုကို တားဆီး အရေးယူခဲ့သဖြင့် မြန်မာ့ သစ်တော ပြုန်းတီးမှု အရှိန်နှုန်းကျ သွားခဲ့သည်။ သို့သော် ပြီးခဲ့သည့် ၃ နှစ်အတွင်း မြန်မာဘက်မှ တင် သွင်းလာသည့် သစ်လုံး တန်ချိန် နှစ် သိန်းခုနစ်သောင်း၊ ကြိတ်ခွဲပြီး သစ် တန်ချိန် တစ်သိန်း ခုနစ်သောင်း ကုဗမီတာကို တရုတ် နိုင်ငံယူနန် နယ်ထဲတွင် တွေ့ရကြောင်း၊ ၄င်းသစ် များ၏၁၀ ပုံ ၉ ပုံမှာ တရားမဝင် သစ်များဖြစ်ကြောင်း Global Witness အဖွဲ့က အစီရင် ခံထားသည်။
မြန်မာနိုင်ငံ၏ သစ်တောဖုံး လွှမ်းမှုရာခိုင်နှုန်းသည် ၁၉၂၅ ခုနှစ် တွင် ၆၅ ဒသမ ၈ ရာခိုင်နှုန်း၊ ၁၉၅၈ ခုနှစ်တွင် ၅၇ ဒသမ ၂ ရာခိုင်နှုန်း၊ ၁၉၇၅ ခုနှစ်တွင် ၅၂ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀ဝ၀ ပြည့် နှစ်တွင် ၅၂ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့သော်လည်း၂၀၁၀ ပြည့်နှစ်တွင် ၄၁ ရာခိုင်နှုန်းသာရှိတော့သည်။
သစ်တောများပြုန်းတီးမှုမှာ လူနေထိုင်ရန်အတွက် နေရာနှင့် စိုက်ပျိုးမြေများ တိုးချဲ့ခြင်း၊ ထင်း၊ မီးသွေးအတွက် အသုံးပြုခြင်း၊ သစ်ကို စီးပွားဖြစ် ထုတ်လုပ်ခြင်း၊ ပုစွန်ကန်များ တိုးချဲ့ပြုလုပ်ခြင်း၊ တောမီးလောင်ခြင်း၊ စားအုန်းဆီ ထုတ်လုပ်ခြင်း၊ လမ်းဖောက်ခြင်း၊ တိရစ္ဆာန်စားကျက်ချခြင်းကြောင့် ဖြစ်ပြီးအထူးသဖြင့် နယ်စပ်ဒေသ များတွင် သစ်တောပြုန်းတီးမှုများ ပိုမိုမြင့်တက်နေကာ တရုတ်နိုင်ငံ နယ်စပ်နှင့် ထိုင်းနိုင်ငံနယ်စပ်တို့တွင် အဓိကဖြစ်ပေါ်နေကြောင်း သစ်တော ပညာရှင်များက ဆိုသည်။
သစ်တောဦးစီးဌာန အဆိုအရ သစ်တောသယံဇာတ အရင်းအမြစ် များရေရှည်တည်တံ့ရန်အတွက် အမျိုးသားသစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို နှစ် ၃၀ စီမံကိန်း ထားရှိကာ အဖွဲ့ရှစ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်နေသည်။
ပူးပေါင်း ဆောင်ရွက်နေသည့် အဖွဲ့များမှ ဂျပန်နိုင်ငံအပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၊ ဂျပန်နိုင်ငံအပြည်ပြည် ဆိုင်ရာသစ်တော လုပ်ငန်းများ မြှင့်တင်ရေးနှင့် ပူးပေါင်း ဆောင်ရွက် ရေးဗဟိုအဖွဲ့၊ ကုလသမဂ္ဂပတ်ဝန်း ကျင် အစီအစဉ်အဖွဲ့၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ သစ်နှင့် ပတ်သက်သည့် အဖွဲ့အစည်း၊ အမျိုး သားဇီဝသယံဇာတ အရင်းအမြစ် ဌာန၊ ကိုရီးယား သစ်တော ဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ တို့ ဖြစ်သည်။
ယင်းစီမံကိန်းကို ၂၀ဝ၁ခုနှစ် မှ ၂၀၃၀ ခုနှစ်အထိ နှစ်၃၀စီမံ ကိန်းထားရှိကာ နှစ်ရှည်၊ နှစ်လတ်၊နှစ်တိုစီမံကိန်းများရေးဆွဲပြီး အ ကောင်အထည်ဖော်ဆောင်ရွက်နေ ကြောင်း၊ စီမံကိန်းလုပ်ငန်းများမှာ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ဒီ ရေတောများပြန်လည်စိုက်ပျိုးရေး စီမံကိန်း၊ ကမ္ဘားနီး ဒေသခံ သစ်တော တည်ထောင်ခြင်းလုပ်ငန်းစီမံကိန်း၊ နိုင်ငံအဆင့်ဇီဝမျိုးစုံ မျိုးကွဲမဟာ ဗျူဟာနှင့် လုပ်ငန်းဆောင်ရွက်မှု စီမံချက်ရေးဆွဲရေးစီမံကိန်းတို့ဖြစ် သည်။
0 comments:
Post a Comment