Showing posts with label Others. Show all posts
Showing posts with label Others. Show all posts

Sunday, August 19, 2012

၂၀၁၂ ခုနှစ် ကမ္ဘာ့အလှမယ် တရုတ် ဆွတ်ခူးရရှိ


ဟွဏ်းဘီးလ် ။    ။ ယမနေ့တွင် ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့အလှမယ်ရွေးချယ်ခဲ့ရာ တရုတ်နိုင်ငံသူ Wenxia YU က ဆွတ်ခူးရရှိခဲ့ကြောင့် သိရသည်။

အသက် ၂၃ နှစ်ရှိအရွယ် Wenxia YU ၏ အမြင့်ပေ ၁၇၇ စင်တီမီတာ ရှိပြီး အင်္ဂလိပ်စာနှင့် မိခင်ဘာသစကားတို့အား ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သူလည်းဖြစ်သည်။

ယခုနှစ် ကမ္ဘာ့အလှမယ်ရွေးပွဲ၌ ပြိုင်ပွဲဝင်အလှမယ်ပေါင်း ၁၁၆ ဦး ယှဉ်ပြိုင်ခဲ့ကြသည်ဟု သိရသည်။

တရုတ်နိုင်ငံ၏ လူဦးရည်သည် ၁၃၃၉၇၂၄၈၅၂ ရှိပြီး နိုင်ငံ၏ ဧရိယာသည် စတုရန်းမိုင်ပေါင်း ၉၆၄၀၈၂၁ ကီလိုမီတာ ကျယ်ဝန်းသည်။

Friday, August 3, 2012

ဘီဘီစီ သတင်းမီဒီယာ


Tuesday, July 31, 2012

အခြေခံအဆင့် မိတ်ကပ်လိမ်းခြယ်နည်း

ဟွဏ်းဘီးလ် (မေဝဿာန်)။    ။ ပျိုဖော်ဝင်စ တူမလေးများ အတွက် မိတ်ကပ် လိမ်းခြယ်တဲ့ အခါမှာ အခြေခံ အဆင့် အလိုက် စနစ်တကျအဆင့်ဆင့် ဘယ်လို လိမ်းခြယ်ရမလဲ ဆိုတာကို ပြောပြပေးပါမယ်။

ဖောင်ဒေးရှင်း

ပထမဆုံး မိတ်ကပ်လိမ်းတဲ့အခါ ကိုယ့်အသားအရေထက် ပိုဖျော့တဲ့ ဖောင်ဒေးရှင်းကို လိမ်းပေးရပါမယ်။ ဖောင်ဒေးရှင်း လိမ်းတဲ့အခါမှာ ကိုယ့်အသားအရေနဲ့ လိုက်ဖက်မှုရှိဖို့ လိုအပ်ပြီး မျက်နှာရဲ့ အလယ်ကနေစပြီး လိမ်းကျံပေးရမှာ ဖြစ်ပါတယ်။ လိမ်းကျံတဲ့အခါမှာ လက်ညှိုး ထိပ်ဖျားကလေးတွေနဲ့ လိမ်းကျံနိုင်သလို မိတ်ကပ်လိမ်းတဲ့ အမြုပ်တစ်ခုခုနဲ့လည်း လိမ်းကျံနိုင်ပါတယ်။

ကွန်ဆီလာ

ဖောင်ဒေးရှင်းလိမ်းပေးပြီးမှ မျက်ဝန်းအောက်က နေရာကို ညိုနေရင် ကွန်ဆီလာလေးနဲ့ ဖုံးပါမယ်။ ပြီးမှ ကွန်ဆီလာကို ဖောင်ဒေးရှင်းနဲ့ သမအောင်၊ အရောင်ညီအောင် လိမ်းခြယ်ပါမယ်။ ကွန်ဆီလာကို ကြာရှည်ခံအောင် Losse Powder လေးနဲ့ ထပ်လိမ်းပေးပါမယ်။

အိုင်းရှဲဒိုး

မျက်ခုံးအတွက် ခြယ်သတဲ့အခါမှာ ကိုယ့်မျက်ခုံး အရောင်အသွေးနဲ့ ကိုက်ညီမယ့် အညို၊ အနက် အိုင်းဘရိုးလေးနဲ့ ဆွဲပေးရပါမယ်။ ပြီးတော့မှ အိုင်းရှဲဒိုးအတွက် အရောင်အဖျော့၊ အရင့်၊ အလတ်ကိုယူပြီး မျက်လုံးကို ခြယ်သပါမယ်။ ပထမဆုံး ခပ်ရင့်ရင့် အရောင်ကိုယူပြီး မျက်ခွံကို လိမ်းပေးရပါမယ်။ အရောင်ဖျော့တာကိုတော့ မျက်ခုံးရဲ့အောက်နေရာမှာ ဆွဲပေးရပါမယ်။ ပြီးတော့မှ အိုင်းလိုင်နာကို မျက်တောင် အပေါ်နဲ့အောက် သေချာစွာ ဆွဲပေးရပါမယ်။ အဲဒါတွေပြီးမှ မာ့စ်ကာရာကို မျက်တောင် အပေါ်အောက်ကို နှစ်ထပ် (သို့) သုံးထပ်ဆွဲပေးရပါမယ်။ ညီနေအောင်ဆွဲပေးဖို့ လိုအပ်ပါတယ်။

နှုတ်ခမ်းနီ
နှုတ်ခမ်းနီဆိုးတဲ့အခါမှာ အသားအရောင်ပေါ် မူတည်ပြီး နှုတ်ခမ်းနီအရောင်ကို ရွေးချယ်သင့်ပါတယ်။ ကိုယ့်အသားအရောင်ထက် ပိုဖျော့၊  ပိုရင့်တဲ့အရောင် စသဖြင့် မိမိကြိုက်နှစ်သက်ရာ၊ လိုက်ဖက်ရာကို ရွေးချယ်သင့်ပါတယ်။ ဒီနည်းတွေဟာ အခြေခံအဆင့် စနစ်တကျ လိမ်းခြယ်တဲ့ နည်းတွေဖြစ်ပြီး ပျိုမေတို့အနေနဲ့ အဆင့်အလိုက် ခြယ်သသင့်တဲ့နည်းတွေလည်း ဖြစ်ပါတယ်။

Thursday, May 17, 2012

ပြန်ဖျက်လို့ရမယ့် ဆေးမင်ကြောင်များ လာပြီ

16 May 2012  |By Health Digest
ခန္ဓာကိုယ်ပေါ် ရေးဆွဲတဲ့ ပန်းချီပုံစံမျိုးကို တန်ဖိုးထားသူများ အတွက်ဓှာ "Smart Tattoos" လို့ ခေါ်တဲ့ မလိုရင် ပြန်ဖျက်နိုင်တဲ့ ဆေးမင်ကြောင် ထွက်ပေါ်လာနေပါပြီ။ ယင်းနည်းမှာ အသုံးပြုတဲ့ ဆိုးဆေး၊ ခြယ်ဆေးတွေ (Pigments) ဟာ ဆေးဝါးများ၊ အလှကုန်များ၊ အစားအစာနှင့် ဆေးဘက်ဆိုင်ရာ နယ်ပယ်မှာ အသုံးပြုနေတဲ့ မင်များပဲဖြစ်တယ်။

ယင်းမင်များကို အဏုကြည့်မှန်ပြောင်းဖြင့် ချဲ့ထွင်ကြည့်မှ မြင်နိုင်တဲ့ အလွန်တရာသေးငယ်တဲ့ ပေါ်လီမာစေ့လေးများထဲ ထည့်ငုံထားပြီး အရေပြားထဲ ထိုးသွင်းတဲ့အခါ ဆေးမင်ကြောင် ဖြစ်လာပါတယ်။

ဆေးမင်ကြောင်ကို ဖျက်လိုတယ်ဆိုရင် လေဆာနှင့် တစ်ကြိမ်တည်း ပစ်ခြင်းဖြင့် မင်ပါတဲ့ ပုတီး စေ့လေးများဟာ ကွဲထွက်ပြီး မင်က အရေပြားထဲရောက်လာမယ်။ ယင်းကို အရေပြားက အန္တရာယ်ကင်းစွာ စုပ်ယူခြင်းဖြင့် ပျောက်ကွယ်သွားမယ်။ သမားရိုးကျဆေးမင်ကြောင်များကို ဖျက်တဲ့အခါ လေဆာဖြင့်ပြုလုပ်ရတဲ့အတွက် ငွေကြေးကုန်ကျပြီး နာကျင် မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

Wednesday, May 16, 2012

ကိုရီးယား မင်းသမီးလေးတွေ ဘာကြောင့် အသားအရေ လှတာလဲ

15 May 2012  |By Health Digest
ကိုရီးယား ဇာတ်ကားတွေ ကြည့်တိုင်း ဇာတ်ကား ထဲက မင်းသမီးလေး တွေ၊ မင်းသားလေး တွေရဲ့ အသားအရေဟာ အတော့်ကို နူးညံ့ချောမွတ် စိုလက် ဝင်းပ နေကြတာကို သတိထားမိ ကြပါလိမ့်မယ်။ ကိုရီးယားမလေး တွေတင် လှကြတာ မဟုတ်ပါဘူး။ ကိုရီးယား ယောကျာ်းလေး တွေဟာလည်း မိန်းကလေးတွေနဲ့ အပြိုင် အသားအရေ စိုပြည် နူးညံ့လှတာကို ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဘာကြောင့် ပါလိမ့်။ ဒါဆိုရင် ဒီတစ်ပတ် ကိုရီးယား အလှကုန်ပစ္စည်းတွေအကြောင်း တစေ့ တစောင်းလေ့လာကြည့်ကြရအောင်။

ဒီနေရာမှာ ကိုရီးယားမင်းသား၊ မင်းသမီးတွေရော၊ သူတို့ပြည်သူ ပြည်သားတွေ အားလုံးပါ သူတို့ ကိုယ်သူတို့ အသားအရေလှပအောင် ဘယ်လောက်ထိ ကြိုးစားထိန်းသိမ်း ကြလဲ။ ကိုရီးယားဇာတ်ကားပါလို့ အာရှတစ်လွှားနဲ့ ကမ္ဘာက သိအောင် မိတ်ကပ်လိမ်းတာကအစ သိပ်ဂရုစိုက် ကြတယ်ဆိုတာကို မေ့ထား ချန်ထား လို့ မရပါဘူးတဲ့။ သူတို့တွေဟာ သူတို့ နိုင်ငံကထုတ်လုပ်တဲ့ မိတ်ကပ်ကိုပဲ အသုံးပြုလေ့ရှိပါတယ်။

ဒါ့အပြင် အရေပြားဆိုတာ အသက်အရွယ်ရလာ တာနဲ့အမျှ အိုလွယ်၊ အရေးအကြောင်း ဖြစ်လွယ်တယ်ဆိုတာလည်း သူတို့ ကောင်းစွာ နားလည်ကြပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်ရှိ အခြားသော တိုင်းပြည်တွေထက် အသားအရေ ထိန်းသိမ်းရာမှာ အထူးဂရုပြုကြတဲ့ ကိုရီးယားနိုင်ငံ ဖြစ်ပါတယ်။ သူတို့ဟာ နုပျိုစေနိုင်တဲ့ အဆင့်မြင့်နည်းပညာတွေ အကုန် အသုံးပြုနေတာ ဆန်းတော့ မဆန်းလှပါဘူး။

ကိုရီးယားနည်းပညာအရေပြားထိန်းသိမ်းမှုမှာ ဘာတွေလဲ၊ ဘယ်လိုပစ္စည်းတွေ ပါဝင်လဲ။ အချို့သော ကိုရီးယားအမျိုး သမီးတွေ အသားအရေထိန်းသိမ်းတဲ့ အဆင့်တွေဟာအောက်မှာဖော်ပြထားတဲ့ အဆင့်တွေထက် ပိုလို့တောင်များနေ တာကို တွေ့ရပါလိမ့်မယ်။

ရိုးရိုးမျက်နှာ သစ်တဲ့ အဆင့်မှာတောင် မတူတာကို တွေ့ရပါလိမ့်မယ်။ ဘယ်လိုပင် အဆင့် တွေများများ အခြေခံအချက် ၄ ချက် ကတော့ အမြဲပါဝင်နေတာကို တွေ့ရ ပါတယ်။ ၄င်းတို့ကတော့ မျက်နှာသစ် ပြီးနောက်အောက်ပါအဆင့်၎ ဆင့်ကို တော့အသေအချာပြုလုပ်လေ့ရှိပါတယ်။

(၁) Refiner ခေါ် ပေါင်ဒါမှုန့်သုံးပြီး မျက်နှာချောမွတ်နေအောင် လိမ်းပေး ခြင်း၊
(၂) Emulsion ခေါ် အဆီပါတဲ့ အလှကုန်သုံးပြီး မိတ်ကပ်လိမ်းရာမှာ ညီညာအောင် လိမ်းပေးနိုင်ခြင်း၊
(၃) Essence ခေါ် အချောသတ် မှာ မွှေးရနံ့ ထည့်သွင်းသုံးခြင်း၊
(၄) ခရင်မ် (Cream) ဖြင့် အဆီ မပြန်အောင် လိမ်းခြင်း၊ မိတ်ကပ်ပျက် မသွားအောင် ထိန်းပေးခြင်း တို့ဖြစ်ပါတယ်။ အနောက်တိုင်းသူ အများစုက တော့ မျက်နှာသစ်ပြီးတာနဲ့ ရိုးရိုးလေး ပဲ အစိုဓာတ်ခံလိမ်းပေးမယ်၊ ပြီးရင် အိုင်းခရင်မ်ကို လိမ်းပြီးရင် အသား အရေထိန်းပြီးသွားပြီလို့ ယူဆလေ့ရှိပါ တယ်။ အဲဒီနေရာမှာ ကွဲပြားသွားတာက ကိုရီးယားမလေးတွေကျတော့ မျက်နှာသစ်တာတောင် အဆင့်မြင့်မြင့်နဲ့ သစ် ကြပါသတဲ့။

သူတို့ အကြံပေးတာ ကတော့ မျက်နှာအရေပြားကို ပွတ် တိုက်ချပြီး သစ်တာထက် မျက်နှာကို Cleanser နှင့် ပွတ်သပ်ပြီးနောက် ရေအေးအေးလေးနဲ့ သစ်ချတဲ့အခါ အပေါ်ဘက်မှ အောက်ဘက်သို့ မသပ်ချပါနဲ့။ အဲဒီလိုအောက်ဘက်သို့ လက်နဲ့သပ်ချလိုက်တဲ့အတွက် မျက်နှာ ပေါ်က ကြွက်သားတွေ ပျော့ကျလာ ပြီး တွဲကျ လာတတ်ပါတယ်။ အဲဒီအခါ အရေပြားလည်း ပျော့တွဲလာတတ်ပါ တယ်လို့ ရှင်းပြပါတယ်။

လူတွေဟာ မျက်နှာသစ်တဲ့အခါ သတိထားလေ့ မရှိဘဲ အပေါ်ဘက်မှ အောက်ဘက် လည်ပင်းဘက်ကို လက်ဖဝါးနဲ့ ဆွဲချ လေ့ရှိတတ်ပါတယ်။ အမှန်က လည်ပင်းဘက်ကနေ ဦးခေါင်းဘက် ဆီသို့ မယတင်ပြီး ပွတ်သပ်ပေးခြင်းဖြင့် အသားအရေကို တင်းလာအောင် မယ တင်ပေးနိုင်ပါတယ်လို့ ဆိုပါတယ်။
မိတ်ကပ်လိမ်းပြီး ပြန်ဖျက်တဲ့ အခါမှာ လည်း အပေါ်ဘက်၊ ဘေးဘက်တွေ ကို လက်ဖဝါးလေးနဲ့ သပ်ချပြီး ပြန်ဖျက်ပေးနိုင်ပါတယ်။ မိတ်ကပ် လိမ်းရာမှာလည်း ထိုနည်းအတိုင်းပါပဲ။ ဤသို့ နေ့စဉ်လေ့ကျင့်ပြုလုပ်ပေးခြင်း ဖြင့် သင့်အသားအရေကို ပို၍နုပျို ကျန်းမာစေပါတယ်တဲ့။

ကိုရီးယား မိတ်ကပ်နှင့် အနောက်တိုင်း မိတ်ကပ်တို့ ဘာကွာခြားပါသလဲ
ကိုရီးယားမိတ်ကပ်နဲ့ အနောက် တိုင်းမိတ်ကပ်တို့ရဲ့ အကြီးမားဆုံး သော ကွာခြားချက်ကတော့ ကိုရီး ယားမိတ်ကပ်ထဲမှာ အသားအရေ ဖြူစင်ဝင်းပစေတဲ့ပစ္စည်း ဒါမှမဟုတ် ချွတ်ဆေးတွေ အများကြီးသုံးထား တာပါပဲတဲ့။

အသားအရေ ဖြူဆေးတွေ အများကြီး ထည့်ထားတဲ့ အတွက် သူတို့အသားအရေဟာ ပိုမိုချောမွတ် လာစေတာ ဖြစ်ပါတယ်။ ထိုအသား အရေဖြူစင်တဲ့ အလှကုန်ပစ္စည်းတွေ ဟာ အမာရွတ်တွေ ပျောက်ကင်းသွား အောင်လည်း လျှော့ချ ပေးနိုင်တယ်။ အမည်းအစက်အပြောက် တွေလည်းဖုံးကွယ်ပေးနိုင်ပါသေးတယ်။

ဒါ့အပြင် ကိုရီးယား မလေးတွေရဲ့ မိတ်ကပ် လိမ်းနည်း အဆင့်ဆင့်ဟာလည်း အနောက်တိုင်း မိတ်ကပ်လိမ်းနည်း ထက် အဆင့်တွေပိုများလေ့ရှိပါတယ်။ သေချာတာ ကတော့ မိတ်ကပ်လိမ်း ရခြင်းအကြောင်းရင်းထဲမှာ အရေး အကြောင်း နည်းနိုင်သမျှ နည်းစေဖို့ ပါဝင်နေမှာပါ။
ဒါ့ကြောင့်လည်း အခြား နိုင်ငံတွေထက် ကိုရီးယားမှာတော့ အရေးအကြောင်း မရှိတဲ့ အသားအရေ ကို ပိုပြီး နှစ်သက် အားပေးတယ်လို့ သိရပါတယ်။ အဲဒီကိုရီးယား မိတ်ကပ်မှာ ဒီအချက်တွေပါဝင်တာ တွေ့ရပါတယ်။

- အသားအရေတင်းရင်းစေရန် အသားအရေထိန်း အလှကုန်များနဲ့ မိတ်ကပ်အောက်ခံ နှစ်မျိုးစလုံးကို မျက်နှာတစ်ပြင်လုံးပေါ် အောက်ခံ လိမ်းပါ။

- ပြီးမှ အပေါ်က ဖောင်ဒေးရှင်းကို လိမ်းပါ။

- အမည်းအစက်အပြောက်၊ မှဲ့ ခြောက်တို့ မပေါ်စေရန် ကွန်ဆီလာကို ထပ်လိမ်းပေးပါ။

- ပြီးမှ ပေါင်ဒါအခဲ သို့မဟုတ်အမှုန့်ကို သိပ်သိပ်လေး ထပ်ပေးပါ။ - ပိုမိုနုပျိုစေရန် အရောင်အသွေး ပိုမိုပေါ်လွင်စေရန် ထပ်ပြီး ဟိုင်းလိုက် လုပ်နိုင်ပါတယ်။

- ပန်းရောင်ပါးနီလေးကို ပါးမို့မို့ မှာ ခြယ်ပေးနိုင်ပါတယ်။ သဘာဝကျ အောင် ခပ်ပြေပြေလေးသာခြယ်ပါ။

- ကိုရီးယားမိတ်ကပ်လိမ်းရာမှာ အခြားအရေးကြီးတဲ့အချက်ကတော့ နေရောင်ဒဏ်ခံလိမ်းခရင်မ် တစ်မျိုးမျိုး လိမ်းပေးခြင်းပဲဖြစ်ပါတယ်။

မိတ်ကပ် မလိမ်းခင် လိမ်းပေးနိုင်သလို၊ မိတ်ကပ် လိမ်းပြီးမှလည်း အပေါ်က လိမ်းပေး နိုင်ပါတယ်။ ပိုကောင်းတာကတော့ မိတ်ကပ်မလိမ်းခင် အောက်ခံလိမ်းတာ ပိုကောင်းပါတယ်။ ကိုရီးယားနိုင်ငံ ထုတ် နာမည်ကြီး ကိုရီးယားတံဆိပ် တွေရဲ့ ဈေးနှုန်းကို အရင်ဖတ်ကြည့် ဖို့လိုလိမ့်မယ်။

အမေရိကန် သို့မဟုတ် ဥရောပနာမည်ကြီးတံဆိပ်တွေထက် တောင် ဈေးပိုကြီးတာ တွေ့ရပါလိမ့် မယ်။ စိတ်ဝင်စားတယ်ဆိုရင်ကိုရီးယား မိတ်ကပ်နဲ့ အလှကုန်များက သင့်အား ပိုလှလာစေသလားဆိုတာ လက်တွေ့ စမ်းသပ်ပါ။

Sunday, May 13, 2012

တက်တူးနဲ့ ပတ်သက်တဲ့ မသိမဖြစ် အချက် ခြောက်ချက်

13 May 2012| By Kagyie
၁။ ဂျော်နီဒပ်ဖ်နဲ့ ဝင်နိုးနားရိုက်ဒါ တို့ရဲ့ ကြည်နူးဆွတ်ပျံ့ဖွယ် ကာလမှာပေါ့ ။ “Winona Forever” ဆိုတဲ့ စာသားကို ဂျော်နီဒပ်ဖ်က သူရဲ့လက်မောင်းမှာ ထိုးခဲ့ပါတယ်။ ဒါပေမယ့် “Forever” ဆိုတဲ့ စာသားဟာ သုံးနှစ်အကြာမှာ ပြတ်စဲခြင်း ဖြစ်တယ်လို့ သိမြင်သဘောပေါက်သွားတဲ့ အခါမှာတော့ “Wino Forever” လို့ သူရဲ့ တက်တူးကို ပြောင်းလဲ ပြင်ဆင်ခဲ့တယ်။ ပြီးတော့ အခုထက်ထိ အဲဒီတက်တူးကို လူမြင်မခံတော့ပါဘူး။ ဒါကြောင့် မိတ်ဆွေတို့လည်း တစ်သက်စာဆိုတာကို သတိရပါ။ အနည်းဆုံး ဆယ်နှစ်စာလောက် ကြိုတွေးပါ။ ကလေးဘဝက ဘောပင်နဲ့ နာရီပုံဆွဲသလို မလိုချင်တော့ဘူးဆိုပြီး တစ်ရှူးနဲ့ သုတ်ပစ်လို့မရပါဘူး။

kagyie-2၂။ တက်တူး ဒီဇိုင်းတွေကို ကျွမ်းကျင်တက်တူးပညာရှင်၊ ဒီဇိုင်းသမားတွေနဲ့ အချိန်ယူပြီး တိုင်ပင် ဆုံးဖြတ် ပြင်ဆင်ပါ။ ပြီးတော့ သမိုင်းရှိတဲ့ တက်တူးတွေဆိုရင်လည်း အဲဒီသမိုင်းတွေကို အကျဉ်းချုပ် လောက်ဖြစ်ဖြစ် သိထားစေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သင်္ကေတတွေရဲ့ အဓိပ္ပာယ်ဟာ အကောင်းရော အဆိုးဘက်မှာ ပါ ထင်တာထက် လေးနက်တာ များလို့ပါ။

kagyie-3၃။ တက်တူးထိုးရင် နာမှာလား ဆိုတဲ့ မေးခွန်း အတွက် ပြောပြပါ့မယ့်။ ကျွန်တော့်ဆီမှာ ကိုယ်တိုင်ထိုး တက်တူးသုံးခု ရှိပါတယ်။ ထိုးခါစ မိနစ်အနည်းငယ်လောက်ပဲ နာပါတယ်။ အဲဒါက သဘာဝ အလျှောက် နာကျင်မှုကို ခံနိုင်ရည်ရှိစေတဲ့ ခန္ဓာကိုယ်တွင်းက အမ်ဒေါ်ဖင်း ဓာတ်ကြောင့်လို့ ထင်ပါတယ်။ ဒါပေမယ့် ခံနိုင်ရည် မရှိဘဲနဲ့တော့ တက်တူးထိုးလို့ မရပါဘူး။ လူတိုင်း လူတိုင်းဟာ နာကျင်မှုတွေကို အနည်းနဲ့ အများ ခက်ခဲစွာ ရင်ဆိုင် ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း မတူပါဘူး။ မိတ်ဆွေတို့ မနာဘူးဆိုတဲ့ နေရာ က မိတ်ဆွေတို့ရဲ့ သူငယ်ချင်းတွေအတွက် ငရဲ ဖြစ်ချင် ဖြစ်နေနိုင်တာမျိုးပါ။ ဒါပေမယ့် အဲဒီနာကျင်မှုတွေ ပြီး သွားတဲ့အခါမှာတော့ အခါခါ ထပ်ပြီး ထိုးဖြစ်နေဦးမှာ သေချာပါတယ်။ ပြီးတော့ တက်တူးထိုးတယ်ဆိုတာ စပျစ်သီးခြောက် စားရသလိုပါပဲ။ တစ်လုံးစားပြီးသွားရင် တစ်ထုပ်လုံး ကုန်အာင် စားမိသွားတာမျိုးပါ။

kagyie-4၄။ တက်တူး မထိုးခင်မှာ အရက်နဲ့ ဆေးဝါးတွေကို မသုံးစွဲမိဖို့လည်း သတိထား ပေးစေချင်ပါတယ်။ အဲဒီ အကန့်တွေက မိတ်ဆွေတို့ကို သွေးထွက်လွန်စေ၊ မိတ်ဆွေတို့ရဲ့ တက်တူးဆရာကို အာရုံ နောက် စေတာကလွဲလို့ ဘာ အကူအညီမှ ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တက်တူး ထိုးနေတုန်း ခံနိုင်ရည် ရှိချင်ရင် လူပြောသူပြော သိပ်များတဲ့ အကြံပေး စကား တွေကို ခဏ မေ့ထားပြီး မိတ်ဆွေတို့ရဲ့ စိတ်နဲ့ ခန္ဓာကိုပဲ သန့်ရှင်း ကြည်လင် ကျန်းမာအောင် ပြင်ဆင်သွားပါ။

kagyie-5၅။ တက်တူး မထိုးခင်မှာ အာဟာရ ပြည့်ဝတဲ့ အစား အစာ တစ်ခုကို ဝမ်းဝအောင် စားသောက် လာဖို့လည်း လိုပါတယ်။ အဲဒီ အစား အစာတွေက တက်တူး ထိုးနေတုန်းမှာ လျော့ပါးသွားတဲ့ ခန္ဓာကိုယ်ထဲက အာဟာရ ဓာတ်တွေကို ပြန်လည် ဖြည့်ဆည်းပြီး သွေးတွင်း သကြားဓာတ်ကို ပုံမှန်ဖြစ်စေပါတယ်။ ဒါကြောင့် တက်တူး မထိုးခင်နဲ့ တက်တူး ထိုးနေစဉ်မှာ အစားအစာ တစ်ခုခုကို စားသောက်ထားမယ်ဆိုရင် နာကျင် မှုတွေကို အကောင်းဆုံး ထိန်းချုပ် ထားနိုင်မယ်လို့ မြင်ပါ တယ်။

kagyie-6၆။ လမ်းဘေးမှာ တစ်ထောင်တန် နိုက်ကီ တီရှပ်တွေ ရှိတယ်။ ဒဂုံစင်တာမှာ ကျတော့ အဲဒီ တံဆိပ်မျိုး တီရှပ်ပဲ။ ဒါပေမယ့် တစ်သောင်း ကျတယ်။ ဘာကွာလဲ။ ဘာမို့လို့လဲ။ မေးကြတယ်နော်။ ဝတ်ကြည့်မှ သိမှာ။ လူ တော်တော် များများက ဈေးကိုပဲ မြင်ကြတယ်။ အရည်အသွေးကို မသိကြဘူး။ ကျွန်တော်တို့ တက်တူးလောကမှာ “Cheap Tattoos Aren’t Good And Good Tattoos Aren’t Cheap.” ဆိုတဲ့ စကားပုံ တစ်ခုရှိတယ်။ အဓိပ္ပာယ်က အဖိုးနည်း အိုးကွဲ ဆိုတဲ့ မြန်မာ စကားပုံအတိုင်းပါ။ ငါးထောင် တစ်သောင်းလောက်နဲ့ G Tone လို၊ လေးဖြူလို၊ R ဇာနည်လို ထိုးချင်လို့ ဘယ်ဖြစ်မှာလဲ။ စေတနာနဲ့ ထိုးပေးချင်ရင်တောင်မှ ဒီနေ့ရတဲ့ ဝင်ငွေဟာ မနက်ဖြန်အတွက် အရင်းဖြစ် လို့ အဲဒီ တက်တူး ဆရာဟာ အချိန်ကြာလာတဲ့အခါ ကောင်းကောင်းကြီး ဒုက္ခတွေ့လာမှာ သေချာပါတယ်။ ပြီးတော့ တက်တူးဆိုတာ ပန်းချီ အနုပညာ အမျိုးအစားတွေထဲက တစ်ခု။ တက်တူးဆရာ ဆိုတာ အဲဒီ ပန်းချီ အနုပညာကို ဖန်တီးမယ့် အနုပညာရှင်တွေပါ။ ဒါကြောင့် အနုပညာနဲ့ အနုပညာရှင်တွေကို တန်ဖိုးဖြတ်ဖို့ ဆိုတာ သိပ်တော့ ပေါ့ပါးတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။ အရာအားလုံးကို ကိုယ်နဲ့ နှိုင်းပြီး စဉ်းစား ဆင်ခြင်နိုင် ပါတယ်။
Ref: www.kagyie.blogspot.com