Thursday, May 24, 2012

၃ နိုင်ငံရှိ ဇိုမီးလူမျိုးစုက ဆန္ဒထုတ်ဖေါ်မည်

မြန်မာနိုင်ငံတွင် လက်ရှိအုပ်ချုပ်နေတဲ့မြန်မာအစိုးရထံ ​တိုင်းရင်းသားလူမျိုးစုတစုဖြစ်တဲ့ ​ဇိုမီး ​လူမျိုးစုတစုက ​အသိအမှတ်ပြုပြီး ​တိုင်းရင်းသားလူမျိုးဆိုင်ရာ ရပိုင်ခွင်နှင့် ​လွတ်လပ်ခွင့်ပေးရန်အတွက် ​ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ​သြစတျေးလျနိုင်ငံများသို့ ရောက်နေကြသည့် ​ဇိုမီးလူမျိုးစုများ စုပေါင်း၍ ​၎င်းနိုင်ငံ​အသီးသီးရှိ ​မြန်မာသံရုံးများသို့​ သွားရောက်ဆန္ဒပြ တောင်းဆိုမှုတွေကို ​ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြပွဲ ဖြစ်မြောက်ရေးအဖွဲ့က ​"ဇိုမီးအမျိုးသားကွန်ဂရက်ကို ​၁၉၈၉ခုနှစ်က ​ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနဲ့အညီ ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ ​၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲမှာ ​ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့၊ ​ချင်းပြည်နယ်၊ ​တီးတိန်မဲဆန္ဒနယ်မြေမှာ ​ပူကျင်ရှင်းထန် ​နဲ့ ​တောင်ဇာ ​မဲဆန္ဒနယ်မြေက ​ပူတန်းလျာပေါင်း ​တို့ကရွေးကောက်ခံခဲ့ရတဲ့အကြောင်း၊ ​ဒါကြောင့်လက်ရှိအစိုးရအနေနဲ့ ​မြန်မာတိုင်းရင်းသားလူမျိုးစုတွေထဲမှာ ​ဒီလူမျိုးစုတွေကို ​အသိအမှတ်မပြုတာတွေ၊ ​ရပိုင်ခွင့်မပေးတာတွေဟာ ​လူမျိုးရေးခွဲခြားနှိမ်နင်းမှုဖြစ်တယ်"လို့ ​ဆိုသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ထွန်းကားရေးပန်းတိုင် ဦးတည်လာသည်နှင့်အမျှ ​တိုင်းရင်းသားလူမျိုးစုတိုင်း ​ရပိုင်ခွင့်များ၊ လွတ်လပ်ခွင့်များကို​ ​မေလ ​၂၈ရက်နေ့တွင် ​ ​ချီတက်ဆန္ဒပြတောင်းဆိုသွားမည်ကြာင်း ​သိရသည်။
Ref: http://www.radioaustralia.net.au/burmese/2012-05-22/948104

0 comments:

Post a Comment