Thursday, May 10, 2012

City & Guilds အောင်မြင် ထားသူများ Europass Certificate အခမဲ့ ရယူနိုင်

09 May 2012|By Net Guide
City Guilds(UK)၂၀ဝ၉ ခုနှစ် မေလနောက်ပိုင်း Engineering Diploma တစ်ခုခု ရရှိထားသောသူများကို "Europass Certificate Supplement" အခမဲ့ လျှောက်ထား ရယူနိုင်ရန် GLORY သင်တန်းကျောင်းမှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

Europass Certificate ဆိုသည်မှာ ဥရောပ နိုင်ငံများအတွင်း ကူးလူးဆက်ဆံကာ အလုပ်လုပ်ကိုင်သော လုပ်သားများ၊ ပညာသင်ယူသော ကျောင်းသားများအတွက် ဥရောပပါလီမန်မှ Vocational Training Certificate များအတွက် ပို၍ transparency ရှိစေမည့် စံပုံစံတစ်ခု ချမှတ်ပေးခဲ့ပြီး အဆိုပါကောင်စီ၏ သတ်မှတ်ချက်အတိုင်း လိုက်နာကာ အချက်အလက် ပြည့်ပြည့်စုံစုံ ဖော်ပြထားသော လက်မှတ်တစ်ခုဟု သိရသည်။

အဆိုပါ certificate တွင် လက်မှတ်ကိုင်ဆောင်သူ တစ်ဦး၌ရှိမည့် Skills and Competences များ၊ လက်မှတ်ကိုင်ဆောင်သူ တာဝန်ယူနိုင်မည့် ရာထူးနေရာများ၊ Certificate တွင် ပါဝင်မည့်အချက် အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဖော်ပြချက်များ ပါဝင်မည်ဖြစ်ပါသည်။

GLORY သင်တန်းကျောင်း၊ အမှတ် ၁၂၅-ဘီ၊ ပထမထပ်၊ ၃၈ လမ်းသို့ သွားရောက်၍ အသေးစိတ်မေးမြန်းနိုင်ပြီး ဖုန်း-ဝ၉ ၇၃၁ ၂၁၇၁၇ သို့လည်း မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment