Thursday, May 10, 2012

Journalism သင်တန်းအတွက် ပညာသင်ဆု ပေးအပ်မည်

09 May 2012|By Net Guide
ပုဂ္ဂလိက သတင်းဂျာနယ်များ၊ မဂ္ဂဇင်းများအပြင် မကြာမီကာလအတွင်း ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ရရှိပါက လိုအပ် လာမည့် အရည်အချင်း ပြည့်ဝသော သတင်းထောက်များ ဖြစ်ပေါ်လာစေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်မည့် TIPTOP မှ Introduction to Journalism သင်တန်းကို ပညာသင်ဆု ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပညာသင်ဆုကို မေလ (၁၁) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပြီး သင်တန်းချိန်ကို ရုံးချိန်/ကျောင်းချိန် လွတ် စီစဉ်ပေးထားကြောင်း သိရသည်။ သင်တန်းတွင် အခြေခံသတင်းစာပညာ၊ အချက်အလက်စုဆောင်းခြင်း၊ သတင်းစုရုံးပေါင်း စည်းခြင်း၊ သတင်းရေးသားခြင်း၊ သတင်းထုတ်ပြန်ချက်၊ အစည်းအဝေးများ၊ မိန့်ခွန်းများ၊ သတင်းစာရှင်း လင်းပွဲများတွင် သတိထားရမည့် သတင်းများ၊ ရေဒီယို၊ ရုပ်သံအတွက် သတင်းရေးသားခြင်း များကို သင်တန်းကာလ(၂)ပတ်အတွင်းစာတွေ့ လက်တွေ့ပို့ချပေးမည်ဟု သိရပါသည်။

အသေးစိတ် သိရှိလိုသူများအနေဖြင့် MMECS - ဖုန်း - ဝ၉-၉၁၀ ၆၅၅ နှင့် TIPTOP : CDIM (ရန်ကုန်) ဖုန်း-ဝ၉ ၇၃၀၅၀၃၇၀ သို့ ဆက်သွယ်စုံစမ်း၍ ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment