Thursday, May 31, 2012

University of Surrey တွင် ပညာသင်ဆု လျှောက်ထားနိုင်

30 May 2012 | By Net Guide

Crown Education မှတစ်ဆင့် University of Surrey တွင် ပညာသင်ဆု လျှောက်ထားနိုင်ဟိုတယ် နှင့် ခရီးသွား လာရေးအပါအဝင် နိုင်ငံတကာ ဘာသာရပ်များ လာရောက်သင်ယူမည့် ကျောင်းသား/ ကျောင်းသူ များအတွက် ပညာသင် ထောက်ပံ့ကြေး ပေါင် ၂,၅၀ဝ ပေးအပ်သွားမည်ဟု အင်္ဂလန်၏ ထိပ်တန်းတက္ကသိုလ် University of Surrey မှ ကမ်းလှမ်းထားကြောင်း Crown Education ပညာရေးစင်တာမှတစ်ဆင့် သိရသည်။

University of Surrey တွင် စီးပွားရေး၊ အင်ဂျင်နီယာနှင့် စီမံခန့်ခွဲမှု ဘာသာရပ်များကို သင်ယူနိုင်ပြီး ဝင်ခွင့်တိုက်ရိုက်လျှောက် ထားပါက ခက်ခဲလေ့ရှိကာ University of Surrey Campus ၌ နိုင်ငံတကာ ကျောင်းသာများ အတွက် ရည်ရွယ်ဖွင့်လှစ်သော International Study Centre မှတစ်ဆင့် တက်ရောက်ပါက ပိုမိုလွယ်ကူမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ၊ GCE 'O' အဆင့် ပြီးဆုံးထားသူများအနေဖြင့် IELTS 5(သို့မဟုတ်) TOEFL 510 ရရှိထားလျှင် Crown Education ၏ Partner အဖွဲ့အစည်း ဖြစ်သော Study Group မှတစ်ဆင့် အဆိုပါ International Study Centre သို့ တိုက်ရိုက်တက်ရောက်ခွင့် ရရှိမည်ဖြစ်ပြီး ပညာသင်ထောက်ပံ့ ကြေးပေါင် ၂,၅၀ဝ လည်း ခံစားခွင့်ရရှိမည်ဖြစ်သည်။

University of Surrey မှ Intake များကို စက်တင်ဘာလနှင့် ဇန်နဝါရီလများတွင် ခေါ်ယူမည်ဖြစ်ပြီး ပညာသင်ဆု လျှောက်ထားရန် Crown Education, Summit Parkview Hotel,အခန်း(၂၂၈)၊ (၂၂၉)၊ ဖုန်း-ဝ၉- ၅၀၈၅၁၈၅၊ ဝ၉-၇၃၂၇၃၂၇၇ တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment