04 Jun 2012 | By အေးမြခိုင်
အခမဲ့ပညာရေးစနစ်ကို ဆန့်ကျင်သော လာဘ်ပေး၊ လာဘ်ယူမှုများအား တိုင်ကြားနိုင်ဝင်ကြေး ငွေပေး၍ ကျောင်းအပ် နေရခြင်း အပြင် အခြားသော ပညာရေး နှင့် ပတ်သက်သည့် ဝန်ထမ်းများ၏ မရိုးသားမှု များအား သိရှိပါက ပြည်ထောင်စု ဝန်ကြီးသို့ တိုက်ရိုက် တိုင်ကြားနိုင်ကြောင်း သိရသည်။
ကျောင်းဝင်ကြေး အပါအဝင် လာဘ်ပေး၊ လာဘ်ယူမှုများနှင့်ပတ် သက်၍ သတင်းထောက် များ၏ မေးမြန်းမှု အပေါ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြ အေးက ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေ၂၇ရက်က အဆင့် မြင့် ပညာဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်သော အဆင့်မြင့် ပညာဦးစီးဌာန(အောက်မြန်မာပြည်) မှ တာဝန်ရှိသူ များနှင့် တွေ့ဆုံသည့်အခမ်းအနားအပြီးတွင် ပြည်ထောင် စုဝန်ကြီးက“ညွှန်ချုပ်တွေကိုလည်း ပြောပြီးသား၊ တိုင်းပညာရေးမှူးတွေ၊ ကျောင်းအုပ်ကြီး တွေကိုလည်း ပြော ပြီးသား၊ ဒါမျိုးလုံးဝ မလုပ်ရဘူး၊ ယူတဲ့သူကိုအရေးယူမယ်၊ ဝေ့စ်လုပ် မယ်၊ အလုပ်ဖြုတ်မယ်၊ တိုင်ချင်ရင် ကျွန်တော်ဆီ တိုက်ရိုက် တိုင်နိုင်တယ်၊ မသမာတာလုပ် ရင်သည်းမခံဘူး၊ မသမာတာမလုပ်ရဘူး”ဟု ထည့် သွင်းပြောကြားခဲ့သည်။ လာဘ်စားသူများကိုအထောက် အထားရှိပါက စာနှင့် တိုင်ကြားနိုင် ပြီး ပြည်ထောင်စုဝန်ကြီး၊ ပညာရေး ဝန်ကြီးဌာနသို့လိပ်မူ၍ တိုက်ရိုက် တိုင်ကြားနိုင်သည်ဟုဆိုသည်၊
ထို သို့တိုင်ကြားရာတွင် တိကျသေချာ စေရန် အမည်၊ နေရပ်လိပ်စာ ပြည့်စုံစွာ ရေးသားပါက ပိုမိုအဆင်ပြေနိုင် မည်ဟုဆိုသည်။ “အထောက်အထား ခိုင်လုံရင် ကျွန်တော့်ဆီစာနဲ့ သာ တိုင်ပါ၊ စာ တွေ ကျွန်တော့်ဆီရောက်လာတယ်၊ တိုင်ထားလို့ အရေးယူနေတာတွေ လည်း လက်ရှိမှာ အများကြီးပါ၊ ဟုတ်တာဆိုရင်၊ စစ်ဆေးလို့ ပေါ် တာနဲ့ အရေးယူမှာပဲ အချိန်မဆိုင်း ဘူးအရေးယူမယ်”ဟုပြည်ထောင်စု ဝန်ကြီးက ထပ်လောင်းပြောကြား သည်။
အရေးယူသည့် အခါတွင်လည်း ပြစ်မှုအလိုက် ထိုက်သင့်သည့် အ ရေးယူမှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း နှင့် မဖြစ်လောက်သည့် ပြစ်ချက်နှင့် အရေးယူ၍ မရကြောင်း ဆက်လက်ပြောကြားသည်။
0 comments:
Post a Comment