ဟွဏ်းဘီးလ်။ ။ နှစ်စဉ်ကျင်းပသည့် အမေရိက ဇိုမီးအမျိုးသားညီလာခံပွဲအား ယခုနှစ်တွင် Jenks Public School Performing Arts Center, Tulsa, Oklahoma, USA တွင် ဇွန်လိုင်လ ၄ ရက်နေ့မှစ၍ ခမ်းနားစွာကျင်းပမည်ဖြစ်ကြောင့် သိရသည်။
အမေရိက ဇိုမီးအမျိုးသားညီလာခံပွဲသို့ ဧည့်သည်တော်အဖြစ် ZNC ဥက္ကဌ ပူကျင့်ရှန်းထန် အား အစဉ်စီဖြစ်မြောက်ရေးကော်မတီမှ ဖိတ်ကြားထားရာ ယခုတွင် ဗီဇာရရှိနေပြီဖြစ်ကြောင့် သတင်းရရှိသည်။
ညီလာခံအတွင်း ပူကျင့်ရှန်းထန်မှ အမေရိက ရောက်ရှိကြသည့် ဇိုမီးမိသားစုများအပေါ် မိန်ခွန်းပြောကြားမည်ဖြစ်ပြီး ဇိုမီးအမျိုးသားရေးများလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင့် သိရသည်။
ဇိုမီးအမျိုးသားများအတွက် အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် လွှတ်လပ်ရေးအတွက် အစဉ်ကြိုးပမ်းနေကြသည့် ZNC ဥက္ကဌ ပူကျင့်ရှန်းထန် နှင့် ပူT. Gou Gin (ကွယ်လွန်) တို့အား ၎င်းညီလာခံတွင် ဇိုမီးအမျိုးသား လွှတ်လပ်ရေးဆု “Zomi National Freedom Award” အား ချီးမြင့်သွားမည်ဖြစ်ကြောင့် သိရသည်။
၎င်းညီလာခံပွဲသည် ၇ ကြိမ်မြောက်သော ညီလခံကြီးဖြစ်သည်နှင့်အညီ နှစ်ပတ်လည် အစည်းအဝေးများအပါဝင် သီးချင်းပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ ဇိုမီး မောင် & မယ် ပြိုင်ပွဲ၊ တေးဂီတဖျော်ဖြေခြင်း များဖြင့် ခမ်းနားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင့် သိရသည်။
0 comments:
Post a Comment