ဟွဏ်းဘီးလ်။ ။ အိန္ဒိယ သမုဒ္ဒရာထဲတွင် ယမနေ့က တိမ်းမှောက်သွားသည့် လူအပြည့်သည်ဆောင်လာသည့် လှေပေါ်မှ လူအများစုအား သြစတြေးလျ အာဏာပိုင်များက ကယ်တင်နိုင်ကြောင့် သိရသည်။
လှေပေါ်မှပါလာသော လူအရေအတွက်ကို အသိအကျ မသိရသေးပြင်မဲ့ ၁၃၀ ကျော်လောက်ရှိမည်ဟု ယုံကြည်ထားကြောင့်၊ လှေပေါ်ပါလူတွေထဲက အနည်းဆုံး ၁၂၃ ဦးကို ကယ်တင်ထားခဲ့ပြီဖြစ်ကြောင့် သြစတြေးလျ ၀န်ကြီးချုပ် ဂျူလီယာဂေးလတ် (Julia Gillard)က ပြောသည်။
၎င်းလှေသည် သြစတြေးလျ ကမ်းလွန်ခပ်ဝေးဝေးရှိ ခရစ်စမတ်ကျွန်းတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင့် သိရသည်။
အလားတူ ပြီးခဲ့သည့် သတင်းပတ်တွင် သြစတြေးလျားနိုင်ငံသို့ နိုင်ငံရေးခိုလုံခွင့် လျှောက်ရန်အတွက် ရည်ရွယ်ချက်ဖြင့်လာရောက်သည့် လူ ၂၀၀ ကျော်ပါ လှေတစီးသည် ၎င်းခရစ်စမတ် ကျွန်းအနီးတွင် တိမ်းမှောက်၍ လူ ၉၀ ဦးသေဆုံးခဲ့ဖူးကြောင့် သိရသည်။
ှဤအဖြစ်အပျက်များဖြစ်ပွားပြီးနောက် ယခုနောက်ထပ်လှေတစီးထပ်မှောက် ခြင်းဖြစ်ပြီး ယခုလိုလှေများ တိမ်းမှောက်ရခြင်းကြောင့် အန္တရာယ်ရှိသည့် ပင်လယ်ကိုဖြတ်ပြီးတော့ ထောင်နှင့်ချီတဲ့လူတွေ နှစ်စဉ် သြစတြေးလျားနိုင်ငံတွင် ခိုလုံခွင့်ရအောင်ကြိုးစားနေတာကို ဘယ်လိုတားဆီး နိုင်မလဲဆိုတဲ့ ငြင်းခုံမူ ဆွေးနွေးမှုတွေလည်း ထပ်မံပေါ်ပေါက်နေကြောင့် သိရသည်။
0 comments:
Post a Comment