Thursday, June 28, 2012

Credit Card အတုပြုလုပ်သူ ၂၄ ဦး FBI က ဖမ်းဆီးရမိ

ဟွဏ်းဘီးလ်။    ။ လူတွေ အကြွေးဝယ်ယူနိုင်သည့်  Credit Card တွေအား အတုလုပ်ခြင်း၊ ခိုးယူခြင်းများ ပြုလုပ်ခဲ့သည့် နိုင်ငံတကာ ဂိုဏ်းတခုအား နှိပ်နှင်းလိုက်ပြီဖြစ်ကြောင့် FBI အမေရိကန် ဗဟိုအစိုးရ စုံစမ်းရေးအဖွဲ့ အရာရှိတွေက ယမနေ့က ပြောကြားလိုက်သည်။

အကြွေးဝယ်ကတ်ပြား ခိုးယူမှု၊ အတုပြုလုပ်မှုများနှင့် ပတ်သတ်၍ လူ ၂၄ ဦးအား အမေရိကန် ဗဟိုအစိုးရ စုံစမ်းရေးအဖွဲ့ အရာရှိများက ဖမ်းဆီးခဲ့သည်။

၎င်းလူ ၂၄ ဦးထဲတွင် ၁၁ ဦးသည် အမေရိကန်နိုင်ငံသားများ ဖြစ်ကြပြီး ကျန် ၁၃ ဦးသည် United Kingdom, Bosnia, Bulgaria, Italy, Japan, Norway နှင့် Germany နိုင်ငံသားများဖြစ်ကြောင့် သိရသည်။



ထိုသူတို့သည် ထောင်နဲ့ချီသည့် Credit Card နံပါတ်များ၊ ဘဏ်အကောင့် နံပါတ်များကို ခိုးယူ၍ ပစ္စည်းများ ဝယ်ယူသည့် ပြစ်မှုများအပါအဝင် နိုင်ငံတကာ အတိုင်းတာဖြင့် ရာဇဝတ်မှု ကျူးလွန်ခဲ့ကြသည်ဟု FBI အရာရှိတွေက ဆိုသည်။

ယခု ပထမအကြိမ် Credit Card များခိုးယူသည့် နိုင်ငံတကာဂိုဏ်းတခုအား ဖမ်းဆီးခဲ့သည့် အကြီးဆုံးဖြစ်ရပ်တခုဖြစ်ပြီး ၎င်းဖမ်းမိရန်အတွက် ၂ နှစ်လောက် အချိန်ပေးခဲ့ရကြောင့် FBI အရာရှိတွေက ပြောဆိုသည်။

0 comments:

Post a Comment