04 Jun 2012 | By နေဝန်းသစ်
ပုဂ္ဂလိက ကျောင်းတက်ရောက်မှု အပေါ် စိတ်ဝင်စားမှု ပိုမိုများပြားလာယခု နှစ်ပိုင်း အတွင်း ပုဂ္ဂလိက ကျောင်းများ အပေါ် စိတ်ဝင်စားမှု ပိုမို များပြား လာကြောင်း တွေ့ရသည်။ ယခု စာသင်နှစ် အတွင်း ကျောင်း သား၊ ကျောင်းသူ များနှင့် မိဘတွေ များသည် ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်သင်ကြားရန် အတွက် စိတ်ဝင်စားမှု ပိုမို များပြားနေကြောင်း သိရသည်။
ယခုလို ပုဂ္ဂလိက ကျောင်း တွေမှာ သင်ကြားရန်အတွက် စိတ် ဝင်စားမှု များပြားနေခြင်းသည် ယခင် နှစ်များက စမ်းသပ်ကာလအဖြစ် သာ ဖွင့်လှစ် သင်ကြားခွင့် ရသည့် ပုဂ္ဂလိက ကျောင်းများအားအခုလာမည့် ပညာ သင်နှစ် က စတင်ပြီး တရားဝင် ဖွင့်လှစ်ခွင့်ရရှိလာတော့မှာဖြစ်သည့် အတွက် တက်ရောက် လိုသူများ ပြားနေခြင်းဖြစ်သည်။
တက်ရောက်လိုသူ များပြား နေပေမယ့် လက်ရှိမှာဖွင့်လှစ်သင်ကြား လျက်ရှိသည့် ရန်ကုန်ရှိ ပုဂ္ဂလိက ကျောင်း ၁၀ ကျောင်း ကတော့ လူဦးရေ တိုးမြှင့် လက်ခံရန် အစီအ စဉ်မရှိသေးဘဲ ယခင်နှစ် လက်ခံ ခဲ့သည့်ဦးရေအတိုင်းသာ လက်ခံ သွားမှာဖြစ်ကြောင်း သိရ သည်။
ထို့အပြင် လက်ရှိမှာ ဖွင့်လှစ် လျက်ရှိတဲ့ ပုဂ္ဂလိက ကျောင်းတွေ သာမက ထပ်မံပြီးတော့လည်း ဖွင့်လှစ်လိုသူတွေ များပြားလျက်ရှိပြီး ကျောင်းသား မိဘတွေ အနေနဲ့ လည်း ယခင်က ပြင်ပကျောင်းတွေ မှာ အပ်နှံမှုတွေ ပြုလုပ်ရာတွင် တက္ကသိုလ် ဝင်တန်းနှင့် နဝမတန်း အတွက်သာအပ်နှံမှုတွေများပြားခဲ့ သော်လည်း ယခုအခါပဉ္စမတန်း ကတည်းက ပြင်ပကျောင်းတွေမှာ အပ်နှံမှုများပြားနေကြောင်း သိရ သည်။
0 comments:
Post a Comment