Saturday, July 7, 2012

Advanced Diploma တက်မည့်သူတိုင်း SAA-GE မှ ထောက်ပံ့ကြေး ပေးမည်

ဟွဏ်းဘီးလ်။     ။ အင်္ဂလန် နိုင်ငံရှိ Plymouth University မှ ပေးအပ်မည့် စီးပွားရေးနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ဒီပလိုမာနှင့် ဘွဲ့များကို စင်ကာပူနိုင်ငံရှိ SAA Global Education ၌ တက်ရောက်ရယူနိုင်ပြီ ဖြစ်ကြောင်း  CROWN Education မှတစ်ဆင့် သိရသည်။

မြန်မာနိုင်ငံမှ တက္ကသိုလ်ပထမနှစ် အောင်မြင်ထားသူများ၊ GCE 'A' Level အောင်မြင်ထားသူများ အနေဖြင့် Plymouth University ၏ BA (Hons) Business Adminstration. BA (Hons) Accounting & Finance ဘွဲ့များကို SAA-GE ၌ တက်ရောက်နိုင်ရန် CROWN Education မှ စီစဉ်လျှောက်ထားပေးလျက် ရှိနေပြီ ဖြစ်သည်။

အဆိုပါ ဘွဲ့ဒီဂရီ တန်းများကို တက်ရောက်လိုပါက SAA-GE Advanced Diploma Level 1&2 ကို ဦးစွာ တက်ရောက်ရမည် ဖြစ်ပြီး တစ်စိတ်တစ်ပိုင်း ပညာသင်ထောက်ပံ့ကြေးအဖြစ် စင်ကာပူဒေါ်လာ ၂၀၀၀ ကိုလည်း ရရှိမည် ဖြစ်သည်။ ယခုနှစ်အတွက် အနီးဆုံး Intake ဖြစ်သည့် အောက်တိုဘာလအတွက် ကျောင်းလျှောက်လွှာများကို CROWN Education မှ စီစဉ်ဆောင်ရွက် ပေးနေပြီး Level 1&2 အတွက် သင်တန်းကာလမှာ ၁၈ လ ကြာမြင့်မည် ဖြစ်သည်။

အသေးစိတ် သိရှိလိုသူများနှင့် လျှောက်ထားလိုသူများအား ယခုလ ၁၀ ရက်နေ့နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ SAA-GE မှ မန်နေဂျာ Kelvin Goh ကိုယ်တိုင် ရှင်းလင်းပြောကြားမည် ဖြစ်ပြီး CROWN Education ရုံးချုပ်၊ Summit Parkview Hotel အခန်း ၂၂၈၊ ၂၂၉၊ ဖုန်း ၀၉ ၇၃၂၇၃၂၇၇၊ ၀၉ ၅၀၈၅၁၈၅ နှင့် မြေနီကုန်းရုံးခွဲ၊ အမှတ် ၂၇၂၊ ၄လွှာ၊ အခန်း ၄၀၄၊ ပြည်လမ်း၊ ဓနလှိုင်တာဝါ၊ ဖုန်း ၅၂၃၈၃၂ သို့ ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရသည်။ Ref: Net Guide

0 comments:

Post a Comment