ဟွဏ်းဘီးလ်။ ။ အိန္ဒိယ နှင့် ပါကစ္စတန် နိုင်ငံခြားရေး အတွင်းဝင်များ ယမနေ့က နယူးဒေလီမြို့၌ တွေ့ဆုံပြီး ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အိန္ဒိယနိုင်ငံ Mumbai အကြမ်းဖက်တိုက်ခိုက်မှုကြောင်း ထိခိုက်ခဲ့သည့် နှစ်နိုင်ငံ ဆက်ဆံရေးအား ပြန်လည်ပြုပြင်နိုင်ရန်အတွက် ကြိုးစားနေကြကြောင်း သိရသည်။
လူပေါင်း ၁၆၆ ဦးသေဆုံးခဲ့ရသည့် ၎င်းတိုက်ခိုက်မှုတွင် ပါကစ္စတန်အား ပါဝင်ပတ်သက်မှုရှိကြောင့် အိန္ဒိယ ဘက်က အကြိမ်ကြိမ် ဆွတ်စွဲပြောဆိုထားပြီး ရက်အနည်းငယ်အကြာတွင် အိန္ဒိယနိုင်ငံခြား Ranjan Mathai နှင့် ပါကစ္စတန် Jalil Abbas Jilani တို့ နယူးဒေလီတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
ပါကစ္စတန်ကိုယ်စားလှယ် Jalil Abbas Jilani သည် နယူးဒေလီမြို့သို့ အင်္ဂါနေ့တွင် ရောက်ရှိလာခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ အကြမ်းဖက်မှု တိုက်ခိုက်ရေးလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့ကြောင့် သိရသည်။
၎င်း Mumbai အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်နိုင်ရန်အတွက် ပါကစ္စတန်ဘက်မှ ကူညီထောက်ပံသည့် အထောက်အထားရှိခဲ့မည်ဆိုရင်ဖြင့် အချက်အလက်များအား မျှဝေရန်အတွက် ပါကစ္စတန်ကိုယ်စားလှယ် Jalil Abbas Jilani က အိန္ဒိယအာဏာပိုင်းများအပေါ် တောင်းဆိုလိုက်ကြောင့် သိရသည်။
Mumbai တိုက်ခိုက်မှုတွင် ပါကစ္စတန်အာဏာပိုင်းများဘက်က ပတ်သက်မှုမရှိကြောင်း ညင်းဆိုထားသော်လည်း အိန္ဒိယနိုင်ငံကတော့ ၎င်းတိုက်ခိုက်မှုတွင် ပါကစ္စတန်တွင် အခြေဆိုက်ထားသည့် Lashkar-e-Taiba အကြမ်းဖက်များ၏ လက်ချက်ဖြစ်ကြောင့် ပြောနေဆဲဖြစ်သည်။
0 comments:
Post a Comment