Thursday, July 5, 2012

ဂျပန်တွင် လေကြောင်းစစ်ရေးလေ့ကျင့်

ဟွဏ်းဘီးလ်။    ။ နုးကလီးယားလက်နက် ပျံနှံ့မှုတားဆီးရေးအတွက် အသင့်ဖြစ်နေပြီဆုသည့် ရည်ရွယ်ပြသသည့် အနေဖြင့် ဖစိဖိတ်ဒေသ အိမ်နှီးချင်းနိုင်ငံတချို့ ပါဝင်သည့်ပူးတွဲစစ်ရေး လေ့ကျင့်မှုတစ်ကို ဂျပန်နိုင်ငံတွင် ပြုလုပ်နေကြောင့် သိရသည်။

သြစတြေးလျား၊ တောင်ကိုးရီးယား နှင့် စင်ကာပူနိုင်ငံများမှ လေတပ်သားများဖြင့် ၎င်းပူးတွဲစစ်ဆင်ရေးလေ့ကျင့်မှုတွင် ဂျပန် လေကြောင်းပိုင်နက်ထဲသို့ ဝင်ရောက်လာသည့် ရေဒီယိုသတ္တိကြွ ပစ္စည်းများသယ်ဆောင်လာသည့် လေယာဉ် အတင်းအကြပ်ဆင်းတက်စေပြီး စစ်ဆေးမှုပြုလုပ်သည့် သရုပ်ဖေါ်လေ့ကျင့်ခန်းများလည်း ပါဝင်သည်။

ဂျပန်နိုင်ငံ မြောက်ဘက်ပိုင်းတွင် တည်ရှိသည့် ဟိုကိုင်းရိုးကျွန်းပေါ်ရှိ Chitose လေတပ်အခြေဆိုက်စခန်းတွင် ကြာသပတေးနေ့အထိ သုံးရက်ကြာ လေကြောင်းစစ်ဆင်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းဖြစ်သည်။

ပစ်အားပြင်းလက်နက်များ တရားမဝင်ရောင်းချနေမှုများ တားဆီးနိုင်ရေးအတွက် ရည်ရွယ်သည့် အမေရိကန်ဦးဆောင်သော ပစ်အားပြင်းလက်နက်များ မပျံ့ပွားရေးဆိုင်ရာ လုံခြုံရေးအစပြုဆောင်ရွက်မှုအနေဖြင့် ယခုလိုစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

အာရှနိုင်ငံများမှ စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက်ပြုလုပ်နေကြခြင်းသည် နုးကလီယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုးရီးဘက်မှ ရန်စမှုပြုလုပ်ခြင်းအပေါ် တုံ့ပြန်ခြင်းဖြစ်ကြောင်းလည်း လေ့လာသူများက သုံးသပ်နေကြသည်။

0 comments:

Post a Comment